ကိုယ့် ချစ်ဆုံး ✔၂၁✔

12.2K 601 1
                                    


...📱..(ဖုန်းသံ).📱...

နံနက်စောစောစီးစီး၌မြည့်လာသော ဖုန်းသံ
ကြောင့် ဇဝါဘေးစားပွဲဆီ လက်လှမ်းလိုက်သည်။

" Hello "

" Happy Birthday သား၊ ဒီနေ့ အိမ်ပြန်လာဖို့
မမေ့နဲ့ "

" ဟုတ်ကဲ့၊ ဝေဟင်နဲ့အတူ လာခဲ့မယ် "

" အမေ သားအကြိုက်တွေချက်ထားမယ်၊ ဒါပဲနော် "

ဇဝါဖုန်းကို စားပွဲပေါ်ပြန်တင်လိုက်သည်။ ပြီးလျှင် ရင်ဘတ်​ပေါ် ပါးအပ်အိပ်​နေသော  ကောင်လေးကို ကြည်လိုက်သည်။ ဝေဟင်မျက်နှာသည် တော်တော်ခန့်၏။  ကိုယ်ခန္ဓာအချိုးစားကလည်း မိုက်​၏။ ဇဝါ ကိုယ်ငါးချဥ်ကိုယ့် ပြန်ချဥ်နေမိ၏။ထို့နောက်  စားပွဲထက်မှ ဖုန်းပြန်ယူသည်။ ထို့နောက် Phone's camera ဖွင့်၍ ကိုယ်မျက်နှာကိုယ့် ပြန်ကြည်လိုက်သည်။

" အင်း... ဝေဟင်ခန့်တာလောက်က မပြောပလောက်ပါဘူး။ ဘယ်လို့နေနေ ငါလေးစောက်ရမ်းချောနေပါလား။ ဝေဟင်နဲ့ယှဥ်ရင် ဗလပဲနည်းနည်းကွာသွားတာ "

Phone's camera ထက်ပေါ်နေသောမျက်နှာကို ဘယ်စောင်း၊ ညာစောင်းကြည်နေ​သော ကိုကိုကြောင့် ဝေဟင်ပြုံးလျက် စကားဆိုလိုက်သည်။

" သုံးဆယ့်တစ်ဘုံမှာ ကိုကိုအချောဆုံး "

" ကိုယ်သိတယ် "

" ခဏလာကူပါအုန်း​၊ ကိုရေ... "

ချစ်ဇနီးမိမိ၏ခေါ်သံကြောင့် မီးဖိုခန်းထဲသို့
ဝင်လိုက်လျှင် ဟင်းအိုးနှစ်အိုးနှင့် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရ၏။

" လာပြီး။ ကို ဘာကူရမလဲ "

" ဟင်းအိုးလေး ခဏမွှေပေးနေ၊ မကပ်စေနဲ့နော် "

" မေမေ သမီးဘာကူပေးရမလဲ "

" ရပြီး သမီး။ ဒါနောက်ဆုံးအိုးပဲ "

" သမီး အပြင်ခဏထွက်မလို့၊ မေမေကား ခဏယူသွားမယ် "

" သော့က ပန်းအိုးဘေးမှာ "

" တွေ့ပြီး "

ဇဝါရေချိုးပြီးသည့်အထိ ဝေဟင်တစ်ယောက် အိပ်နေဆဲ။

" ထတော့ ဝေဟင်၊ ကိုယ်တို့ကို မေမေအိမ်ပြန်ဖို့ ခေါ်ထားတယ် "

ကိုယ့် ချစ်ဆုံး Where stories live. Discover now