ကိုယ့် ချစ်ဆုံး ✔၂၂✔(Z)

6.5K 119 0
                                    


ရုံးခန်းထဲဝင်လိုက်လျှင် တွေ့လိုက်ရသူကြောင့် မျက်လုံးမှားသည်ဟုပင် ဇဝါထင်လိုက်မိ၏။
ဇေယျာကိုမတွေ့ဘဲ ရတီအားတွေ့လိုက်ရ​ပေသည်။

" ရတီ ဒီမှာဘာလုပ်နေတာလဲ "

" အာ...ရောက်ပြီးလား။ ခဏစောင့်ပါ ကိုဇဝါ၊ Boss အစည်းဝေးထိုင်နေတယ် "

" Boss "

" ဟုတ်ပါတယ်၊ ရတီက ကိုဇေယျာပိုင်ရဲ့ secretary ပါ "

မိတ်ဆက်မှုအပြီး ရတီအခန်းပြင်ထွက်သွား၍  ရုံးခန်းထဲ၌ ဇဝါတစ်ယောက်သာ ကျန်ခဲ့သည်။ ရတီကော်ဖီဖျော်ပြီး ရုံးခန်းအထဲပြန်ဝင်လာ၏။
ထို့နောက် ဆိုဖာ၌ထိုင်နေသော ကိုဇဝါ၏ရှေ့ရှိ မှန်စားပွဲထက်ကော်ဖီခွက်ကို အသာတင်လိုက်သည်။

" ကျေးဇူး ရတီ "

ဇဝါရှေ့မှကော်ဖီကို တစ်ငုံ့မပြည့် အနည်းငယ်သာ သောက်မိလိုက်သော်လည်း
ခါးသက်သက်အရသာကြောင့် မျက်နှာမဲ့သွားရ ၏​​။ ဇဝါအကြိုက် အချိုမဟုတ်၍ ဆက်သောက်ရန် မဖြစ်နိုင်။

" အရမ်းခါးလို့လား "

" ရတယ် ရတီ။ ကိုယ်က အချိုကဲသောက်သူမလို့ပါ "

" sorry ကိုဇဝါ၊ ရတီ မမေးဘဲ  Boss အကြိုက်အတိုင်းဖျော်လိုက်မိတယ် sorry "

" ရတယ် ရတီ၊ အလုပ်လုပ်စရာရှိ ဆက်လုပ်ပါ "

Boss စားပွဲလည်း ရှင်းပြီးပြီးဖြစ်၍ အလုပ်များဆက်လုပ်ရန် ရုံးခန်းအပြင်သို့ အားနာစိတ်တချို့နှင့်အတူ ရတီပြန်ထွက်လာလိုက်သည်။ ရုံးခန်းအပြင်ရောက်သည်နှင့် Boss အား တွေ့လိုက်ရ၏။

" ဇဝါ ရောက်​နေပြီးလား "

" ဟုတ်ကဲ့။ ရုံးခန်းထဲမှာ စောင့်နေပါတယ် Boss "

တံခါးဖွင်၍ ရုံးခန်းထဲဝင်သွားသော ကိုဇေယျာပိုင်၏ကျောပြင်ကိုခဏမျှကြည်ပြီး လုပ်စရာအလုပ်များကို ဆက်လုပ်နေလိုက်သည်။

" ရောက်တာကြာပြီးလား ဇဝါ "

" မကြာသေးဘူး၊ အကြောင်းရင်းပြောပါအုန်း "

" ငါ့အစား လေလံပွဲတတ်ပေးဖို့ "

" ဘယ်နေ့လဲ "

" မနက်ဖြန်၊ ညဘက်နော် မင်းအဆင်ပြေလား "

" ရတယ် "

ကိုယ့် ချစ်ဆုံး Where stories live. Discover now