ကိုယ့် ချစ်ဆုံး ✔၁၁✔

13.5K 821 6
                                    


ဇဝါ၏လက်ရှိအခြေနေကို ပြောပြရမည်ဆိုလျှင် လုံးပါးပါး​နေချေပြီး။ ဘဝမဟုတ်ဘဲ ရင်ဘတ်သားများပင်။ ဖွင့်ဆိုရှင်းပြရရင်တော့ လုံးရခြင်းအကြောင်းသည် ဝေဟင်တစ်ယောက် ဇဝါ၏ရင်ဘတ်သားများအား စိတ်ရူးပေါက်ချိန်တိုင်း အအုံးလိုက်ညှစ်ဆွဲတတ်ခြင်းကြောင့်ပင်။ ကုတင်ပေါ် မှ ဘယ်လောက်ကန်ချကန်ချ ပြီးလျှင် မျက်ရည်စမ်းစမ်းဖြင့် ကုပ်ကပ်ပြီး ပြန်တတ်လာသည်။ ပါးရခြင်းသည် လျှာဖြင့်သော်လည်းကောင်း၊ လက်ချောင်းများ ဖြစ်သော်လည်းကောင်း အခွင့်ရှိသ၍ ​ပွတ်သပ်ခံနေရခြင်းများကြောင့်ပင်။ "စရံ"ဟု ပြောမိလိုက်သော ကိုယ်စကားအတွက်လည်း နောင်တရချင်နေပြီး။ ခုဆိုလျှင် အလုပ်မှပြန်ရန်တောင် ခံစားချက်တို့သည် လန့်ချင်ချင်ဖြစ်နေသည်။

...ဒေါက်.ဒေါက်.ဒေါက်...(တံခါးခေါက်သံ)

" ဝင်ခဲ့ "

" ကြာသပတေးနေ့ပွဲအပြင်အဆင်အတွက် အပြီး သတ်ပြီးပါပြီး Boss၊ လာမယ် အပတ်အတွင်း ခန်းမအပြင်ဆင်ပါ။ customer ဘက်က လိုချင်တဲ့ အရောင်နဲ့ပြင်ဆင်ထားပါတယ်၊ ပြီးတော့
စပြင်ဆင်ဖို့ Boss ရဲ့အတည်ပြုချက်လိုပါတယ် "

ဇဝါလုပ်လက်စကို ခဏရပ်ပြီး မဝေတင်ပြလာသော ခန်းမအပြင်ဆင်များကို ကြည်လိုက်သည်။ ခန်းမအတွက် အရန်သဘောပြင်ဆင်ထားသော ဒီဇိုင်းသည်လည်း သုံးလေးမျိုးလောက်ရှိ၏။ လူငယ်အတွဲအတွက်ဖြစ်၍ ဘိုဆန်ဆန်နှင့်
ပိုလိုက်ဖက်နိုင်သည်။ မြက်ခင်းပြင်ထက်
အလှဆင်ဖို့က...

" မဝေ လျှောက်လမ်းအတွက် အပြင်ဆင်ကို.....
............
.............."

" ဟုတ်ကဲ့ Boss "

မဝေ ပြန်ထွက်သွားချိန် နာရီကြည်လိုက်လျှင် ၁၁ နာရီကျော်နေပြီးဖြစ်၍ ဝေဟင်တစ်ယောက်
နေ့လယ်စာကို အချိန်မှန်စားပါမလားဟု အတွေးရောက်မိ၏။

သူရှိန်မင်းရှေ့၌ အရက်သောက်နေ​သော ဝေဟင်ကို ကြည်နေလိုက်သည်။ နောက်ဆုံးတွေ့ခဲ့သော နေ့ကပင် အခန်းရှင်းပြီး တတ်ကြွနေသော ဝေဟင်သည် အခု၌ ရောက်လာတည်းက သောက်နေ​သည်။

" ဘာဖြစ်လို့လဲ ဝေဟင် "

" ဒီရက်တွင်း ပွဲရှာတဲ့ကောင်တွေ ရှိ​သေးလား "

ကိုယ့် ချစ်ဆုံး Where stories live. Discover now