" ဝေဟင် တော်တော့ "" ငါဘာသာသောက်တာဘာဖြစ်လဲ၊ မင်းသောက်ချင်သောက်၊ မသောက်ရင်လည်း ငါရှေ့ကဒိုးတော့ "
အတော်မူးနေပြီးဖြစ်သော ဝေဟင်ကိုကြည်ပြီး ပြောစရာစကားပင် မရှိတော့။ ရောက်လာတည်းက သောက်နေခြင်းဖြစ်၏။
" ကိုကို အေ့ လွမ်းတယ် လွမ်းတယ် သူရှိန် "
" အေးပြော၊ ငါရှိတယ် သားကြီး "
" လွမ်းတယ်ဆို "
"........."
" ကိုကို "
ဝေဟင်ကိုကြည်လိုက်လျှင် မျက်လုံးများမှေးစင်းနေပြီး ပုံမှန်ပုံစံနှင့်မတူကွဲစွာ အရက်ခွက်ကို တစ်ခါမော့လိုက် စကားပြောလိုက်နှင့် ရယ်(ရီ) ချင်စရာပင် ဖြစ်နေသည်။ သို့သော် ဝေဟင်ခံစားရသည်ကိုသိ၍ သူရှိန်မရယ်(ရီ)ရက်။
" လွမ်းတယ် ကိုကို အေ့ "
ဇဝါ ထိုးကိုက်နေသောခေါင်းကို လက်တစ်ဖက်
ဖြင့် အုပ်ကိုင်လျက်ထလိုက်သည်။ ခေါင်းသည် မူးနောက်နောက် ဖြစ်နေ၏။ ကိုယ်၌ရှိသော အဝတ်တို့သည်လည်း ချဉ်စုတ်စုတ်အနံ့ ထွက်ချင်နေပြီး။ အခန်းပြင်မထွက်သည်မှာ ရက်ပိုင်း
ပဲရှိသေးသည်။ လူမှာ မျက်တွင်းတောင်ကျချင်ချင် ဖြစ်သွားသည်။ ရှောင်ပုန်းနေလည်း ဘယ်လောက်ကြာကြာ ရှောင်နိုင်မှာလဲ။ ထို့ပြင် ဇဝါအတွက် သေချာသောအဖြေလည်းရပြီး ဖြစ်၏။ အဝတ်တွေကို အကုန်ချွတ်ချလိုက်၍ ကိုယ်လုံးတီးနှင့် ရေချိုးခန်းထဲဝင်လိုက်သည်။ ရေချိုးခန်းမှန်ကိုကြည်လိုက်လျှင် ရင်ဘတ်ပေါ်ရှိ ကိုက်ရာလေးတောင် သိပ်မသိသာတော့။" ဝေဟင်ရော ဘယ်လို့နေမလဲ၊ ကိုယ်ကိုလွမ်းနေမှာလား "
" လွမ်းတယ် ကိုကို "
သူရှိန် သူငယ်ချင်းဖြစ်သူကိုကြည်၍ အတွေးတချို့ခေါင်းထဲဝင်လာ၏။ အချစ်ဆိုသော အရာကြောင့် အရူးတစ်ယောက်ပမာဖြစ်ရပေသည်။ သူရှိန်မြင်ရသလောက်တော့ အချစ်ဆိုတာ ကောင်းတာနည်းနည်း၊ မကောင်းတာများများ ဖြစ်စေသော အရာပင်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
တိုက်ခန်းပြန်ရောက်လျှင် ဝေဟင်ရှိမနေ။ ဇဝါ အိပ်ခန်းထဲရှိ နရံအတွင်းတပ်ဆင်ထားသော အဝတ်ဗီရိုကိုဖွင့်ပြီး ဝတ်စုံသန့်သန့်တစ်စုံ
ထုတ်လိုက်သည်။ ထို့နောက် ချဉ်စုတ်နေသော ကိုယ်မှအဝတ်တို့ကို ချွတ်လဲလိုက်ပြီး ဖုန်းအား ကြည်လိုက်လျှင် ဘယ်ချိန်တည်းက ပိတ်နေမှန်းလဲဆိုတာပင် မသိတော့။ အားသွင်းကြိုးရှာပြီး ကုတင်ဘေးစားပွဲပေါ်တွင် ဖုန်းအားသွင်းထားလိုက်သည်။ အခန်းပြင်ပြန်ထွက်ပြီး ရေခဲ
သေတ္တာဖြည့်ရန် အနီးရှိစတိုးဆိုင်ကိုသာ သွားလိုက်သည်။ သွားတိုက်ဆေး၊ ဆပ်ပြာနှင့် ခေါင်းလျော်ရည်အပြင် စားစရာအချို့ပါ ဝယ်ခဲ့လိုက်သည်။
YOU ARE READING
ကိုယ့် ချစ်ဆုံး