" ဟုတ်တယ်၊ မင်းကိုခေါ်တာ "" အိုင်(I) နာမည် Candy"
Candy အား လှမ်းခေါ်နေသူကို ကြည်လိုက်လျှင် ညက အမူးသမားပြောသော ကိုကိုဖြစ်ပုံရ၏။ Candy ဆိုဖာတစ်ခုမှာ ဝင်ထိုင်လိုက်သည်။
" ပြောပါအုန်း။ ဘာလို့ ဝေဟင်နဲ့တူတူအိပ်နေတာလဲ "
" တူတူ ! အော်... ဟုတ်တယ် ဟုတ်တယ် "
" မဟုတ်ဘူး မဟုတ်ဘူး၊ ကိုကို ကျွန်တော်ဘာမှမလုပ်ဘူး "
" တိတ်စမ်း "
ကိုကိုအသံမာမာဖြင့် ပြောလာ၍ ဝေဟင်အသံတိတ်နေလိုက်ရ၏။ ဝမ်းနည်းစိတ်တို့ကြောင့် ရင်ဘတ်သည်လည်း အောင့်လာ၏။ Candy ရှေ့မှ အခြေနေကို ကြည်နေလိုက်သည်။ "ဝေဟင်" ဆိုသူသည် မျက်ရည်လေးဝဲနေပြီး "ကိုကို"ဆိုသူကို ခိုးကြည်နေလေသည်။
" Candy ရှင်းပြပါမယ်၊ အဖြစ်က ဒီလို၊ ပြောပြမယ် "
" မလိုတော့ဘူး "
Candy အကြောင်းစုံပြောပြရန် စကားအစပျိုးချိန် "ကိုကို"ဆိုသူသည် အပြောနှင့်အတူ လက်ဝါး
ဖြန့်၍ တားလာ၏။" မင်းအဆင်ပြေလား "
" ပြေတယ်လေ၊ ဘာလို့လဲ "
" ပိုက်ဆံဘယ်လောက်လိုချင်လဲ "
" ကိုကို ဘာတွေပြော "
" သုံးသိန်း "
ဇဝါစကားဆုံးသည်နှင့် အသံနှစ်သံသည် တစ်ပြိုင်တည်း ထွက်လာသည်။
" ဒီမှာ သုံးသိန်း၊ နောက်လည်း ပတ်သက်စရာမလိုတော့ဘူး၊ ကလေးမ မင်းပြန်လိုက်တော့ "
" အိုင်(I)တစ်ခုလောက် ပြောချင်သေးတယ် ကိုကို "
" ပြော "
" ဘာကို ကိုကို ! "
ဝေဟင်၏ကိုကိုအား ရှေ့ကတစ်ယောက်သည် "ကိုကို" ဟုခေါ်လာ၍ စကားပြောမိလိုက်လျှင် ကိုကိုထံမှ ဝင်မပါနဲ့သဘောရှိသည် အကြည်တစ်ချက်ကို ရလိုက်သည်။
" ရော့... တစ်သိန်းပြန်ယူ၊ အဆင်ပြေတဲ့ အဝတ်တစ်စုံရောင်းပေး "
" ဘာဖြစ်လို့လဲ "
" ညက အိုင်(I)အဝတ်တွေပေါ် ရှင်ကောင်လေး အန်ထားလို့လေ၊ အိုင်(I)က ဝတ်စုံဖိုးတောင်းဖို့ လိုက်လာတာ "
YOU ARE READING
ကိုယ့် ချစ်ဆုံး