ကိုယ့် ချစ်ဆုံး ✔၈✔(Z)

2.3K 151 0
                                    


" ကိုကို ! ! ! "

အသံနှင့်အလျင်တူစွာဖြင့် ဝေဟင်အမိအရခုန်ဝင်၍  ကိုကိုလက်များကိုဖမ်းချုပ်ထားလိုက်ပြီး ခြေဆင်းထား​သော ကိုကိုခြေထောက်အပေါ် ၌လည်း ခွထိုင်ထားလိုက်သည်။

ဇဝါ အားရှိသလောက် ရုန်းနေသော်လည်း ​ဝေဟင်လက်ထဲမှ မလွတ်မြောက်နိုင်သေး။ ပေါင်ပေါ်တတ်ထိုင်ထားပြီး ဇဝါမျက်နှာအနှံ့ကို ရန်ရှာနေပြန်သည်။ လူလိုသူလိုမနမ်းသော ဝေဟင်ကြောင့် အနည်းငယ်မောဟိုက်လာရသည်။

" ဟူး..."

လေပူအချို့အား ပါးစပ်မှမှုတ်ထုတ်လိုက်သည်။
ကိုကိုအား နမ်းရသည်မှာ မလွယ်လိုက်တာ။  တိုက်ရေး၊ ခိုက်ရေးကောင်းလို့သာ တော်သေး ၏။ မဟုတ်လျှင် ကိုကိုလက်ချက်နှင့် အသက်ပင် ပျောက်သွားနိုင်သည်။ ကိုကိုခြေထောက်တို့ကို လက်ဖြင့်မြန်မြန်ဆွဲယူလိုက်ပြီး ခါးထက်ခွစေ လိုက်သည်။ လက်တို့ကိုလည်း အလွတ်မခံဘဲ ဘေး၌ပြန့်ကျဲနေသောအဝတ်ဖြင့် စုချည်၍ ဖမ်းထားလိုက်ပြီး မွေ့ယာထက်သို့ လှဲ့ချလိုက်သည်။

ပြီးလျှင် ကိုကိုပါးစောင်းရိုးလေးကို လက်ဖြင့် အသာအုပ်ကိုင်၍ နှုတ်ခမ်းလေးကို စုပ်ယူငုံ​ထွေးလိုက်သည်။ နူးညံ့သော အထိတွေ့၊ ချိုမြနေသော အရသာတို့ကြောင့် အပေါ်နှုတ်ခမ်းသားကို နမ်းပြီးရင်းမှ မလွတ်ချင်လောက်အောင် ထပ်ခါထပ်ခါ နမ်းမိပြန်သည်။ ဝေဟင်သည် အောက်နှုတ်ခမ်းသားကိုလည်း အလွတ်မပေးဘဲ နမ်းနေရင်းမှ အားပါလာရ​ပြန်၏။ ကိုကိုမျက်နှာကို အုပ်ကိုင်ထားလျက် ခေါင်းကိုဘက်ညာစောင်းပြီး နှာခေါင်းချင်းတိုက်မိသည့်အထိ ဘယ်နှစ်ကြိမ်ပင် နမ်းမိနေသည်ကို မရေတွက်နိုင်တော့။ ကိုကိုနှုတ်ခမ်းတို့သည် အနည်းငယ်ဖောင်း ကြွလာခဲ့သည်နှင့်အတူ တုံ့ပြန်မှုလည်း ရှိလာခဲ့သည်။

" အာ ! "

" ကိုကို ဘာလို့ကိုက်တာလဲ "

ရုန်းကန်မှုကိုနားလိုက်ပြီး အသာတကြည် အနမ်းခံတာကို အသက်ရှူချိန်မပေးဘဲ လူလိုသူလို မနမ်းသောနှုတ်ခမ်းတို့ကို ကိုက်ဖောက်လိုက်လျှင် လာမေးသေး၏။ "ကိုကို ဘာလို့ကိုက်တာလဲ" တဲ့လေ။

ကိုယ့် ချစ်ဆုံး Where stories live. Discover now