ကိုယ့် ချစ်ဆုံး ✔၅✔(Z)

2.6K 158 0
                                    


လေအေး​များတိုက်ခတ်နေသော်လည်း ဇဝါရင်ထဲမှာတော့ မအေးချမ်းနိုင်။ ဘာအကြောင်းမှန်းရယ် မသိရဘဲ cafe ထဲမှ ဆွဲခေါ်လာပြီး ဆိုင်ကယ်ပေါ် တတ်ခိုင်းသည်။ မတတ်တော့ အတင်းဆိုင်ကယ်ရှေ့၌ တင်မောင်းရန်ကြိုးစားပြန်၏။ အရပ်ချင်းသိပ်မကွာကြ၍ အဆင်မပြေနိုင်။ နောက်ဆုံးမှာတော့ ဝေဟင်အလိုကျစေရန်  အနောက်မှာပဲ တတ်လိုက်သည်။

ဘယ်ဆီကို မောင်းနေမှန်းလည်း မသိရ။ မေးလည်း ပြန်မဖြေသော ဝေဟင်၏ခေါ် ဆောင်ရာနောက်လိုက်ပြီး နောက်ဆုံးမှာ ရှုပ်ပွနေ​သော တိုက်ခန်းတစ်ခုသို့ ရောက်ရပြန်၏။ ဆိုဖာ၌
ထိုင်စေသည်အထိ လက်ကိုလွတ်​မပေးသေး။ ဝေဟင်သည် ဘာမှလည်းမပြောလာ၍ ဇဝါကပဲ စကားစရတော့သည်။

" လက်လွတ်အုန်း။ ဘာဖြစ်လို့လဲ ဝေဟင်၊ ကိုယ်ကိုပြော "

" ခုမှ စတွေ့တဲ့သူကို ဘာလို့ပြုံးပြနေတာလဲ၊ တွေ့တာမှ တစ်ခါပဲရှိသေးတာလေ၊ ဘာလို့ ဖိနပ်ကြိုးပါ ချည်ပေးနေတာလဲ၊ ဘာလိုလဲပြော ကိုကို ပြောလေ "

ဇဝါ၏ပခုံးနှစ်ဖက်ကို လက်ဖြင့်ဆုပ်ကိုင်ပြီး လှုပ်ခါနေသော ဝေဟင်သည် မျက်စိများရဲနေ၏။ ဝေဟင်အား ထိုကဲ့သို့ဖြစ်စေသော အကြောင်းအရင်းကို စဉ်းစားပေမယ့် အဖြေကမရ။

" ကိုကိုပြောလေ ဘာလို့တိတ်နေတာလဲ၊ ကိုကို သူကို သဘောကျလို့လား "

" ဘယ်သူကိုလဲ "

" ​အဲဒီကောင်မလေးလေ၊ ကိုကို ဖိနပ်ကြိုးချည်ပေးခဲ့တဲ့ ကောင်မလေး"

" ကိုယ်ဘယ်သူကို ချည်ပေးလို့လဲ "

" ကိုကို မငြင်းနဲ့၊ ကျွန်တော်ရဲ့ဒီမျက်လုံးနှစ်လုံးနဲ့ မြင်ခဲ့တာ "

" မင်းမြင်တာ သေချာလို့လား "

" မင်းမဟုတ်ဘူး၊ ဝေဟင်လို့ပြော "

" ဟုတ်ပါပြီး။ ဝေဟင်မြင်တာ​​ သေရောသေချာရဲ့လား "

" ကျွန်တော်အပြင်က မြင်လိုက်တယ်၊ ပြီးတော့ အဲဒီကောင်မလေးကို ပြုံးပြနေတာကိုရောပဲ "

" customer ကိုပြုံးပြလို့မရဘူးလား၊ ဘာလို့လဲ ဝေဟင် "

" ကိုကို ကိုချစ်လို့ "

ကိုယ့် ချစ်ဆုံး Where stories live. Discover now