ကိုယ့် ချစ်ဆုံး ✔၁၆✔

14.4K 718 0
                                    


" ရော့... မင်းရှာခိုင်းထားတဲ့အချက်လက် "

ဝေဟင်ရှေ့စားပွဲထက်ရှိ  ဖိုင်ကို ယူလိုက်သည်။ သိပြီးထားအကြောင်းရာများကိုလည်း ပြန်ကြည်နေလိုက်ပြီး ထိုမှ ကိုကိုနှင့် အစ်မဖြစ်သူတို့သည် အမှန်တကယ်ပတ်သက်မှုမရှိခဲ့သည်ကို သိလိုက်ရသည်။ ကျေနပ်မှုသည် အတိုင်းအဆမရှိဖြစ်ရ၏။ ပြုံးပြုံးပျော်ပျော်​ဖြင့် ဆက်ဖက်လိုက်ခါမှ အပြုံးတို့ရပ်သွားရ၏။

" အဖြောင့်ဆိုတာသိပေမယ့် 'ဖြောင့် ဖြောင့် ဖြောင့်' မြည်တဲ့ အဖြောင့်တဲ့လား။ ဘာ !  moonlight bar ရဲ့ ပုံမှန်ဧည့်သည်တောင်  ဖြစ်ခဲ့တာတဲ့၊ ဟုတ်လား သူရှိန် "

" ဟုတ်တယ်လေ၊ မင်းဘာသာဆက်ဖတ် "

" ဘာလို့ ငါအတွေ့နောက်ကျခဲ့တာလဲကွာ "

" အေးလေ၊ အရင်တည်းက တွေ့ရမှာ "

" ဟာ ! ဒါဆို ကိုကိုက စော်ဘယ်​လောက်များများကို  ကုတင်ပေါ်တင်ခဲ့ပြီးပြီးလဲ၊ အရင်ထဲက တွေ့ခဲ့သင့်တာ  "

" အေးကွာ၊ ကုတင်ပေါ်  စော် "

ဝေဟင်စကားနောက်လိုက်ထောက်ပေးနေခြင်းကို လက်စသတ်လိုက်ရသည်။ မသတ်လို့လည်း
မဖြစ်။ ဝေဟင်၏အကြည်သည် လင်းယုန်ငှက်ပမာ စူးရှလွန်နေ၏။

" အေးဆေးပါ၊ မင်း ကိုဇဝါခေတ်နဲ့အိုကေသွားပြီးပဲ "

" စိတ်မချနိုင်သေးဘူး၊ အဖြောင့်လေ အဖြောင့်၊ မင်း မကြားဖူးဘူးလား၊ ခွေးမြီးကောက် ကျီတောက်စွပ်တဲ့ "

" ဟာ !   ကိုဇဝါခေတ်က ခွေးမှမဟုတ်တာ။ ကောက်တာကို ဖြောင့်ရတာခက်ပေမယ့်၊ ဖြောင့်ကိုကျ ကောက်အောင်သေချာအချိန်ပေးလိုက်
ရင် အဆင်ပြေမှာပါ "

" ဖြစ်နိုင်တယ် "

ဝေဟင်၏အကြည်တို့အား ပြန်သိမ်းလိုက်ချိန်မှ သူရှိန်မင်း အသက်ရှူချောင်သွားရသည်။

" ငါတို့ပစ္စည်းကို လုသွားသူရဲ့ သဲလွန်စရပြီ၊ ဒါပေမယ့်... "

ပြောစကားကိုအဖက်မလုပ်ဘဲ  ထရပ်လိုက်သော ဝေဟင်ကို သူရှိန်မင်းမော့ကြည်ရပြန်သည်။

" ဘာဖြစ်လို့လဲ ဝေဟင် "

" ကိုကိုဆီ ပြန်မယ်၊ ပြန်မဖြောင့်အောင် သွားလုပ်မလို့ "

ကိုယ့် ချစ်ဆုံး Where stories live. Discover now