Message

29 4 0
                                    

သတိရခြင်းများစွာနဲ့ရေးခဲ့တဲ့ကဗျာလေးတွေ•••

အတူတူဖြတ်သန်းခဲ့တဲ့ပျော်ရွှင်စရာနေ့ရက်လေးတွေ•••

ဖတ်ခဲ့တဲ့ကဗျာစာအုပ်တွေအကြောင်း၊ကြည့်ခဲ့တဲ့ရုပ်ရှင်တွေအကြောင်းဆွေးနွေးခဲ့တဲ့နေ့ရက်တွေ•••

ဒါတွေအားလုံးအတိတ်မှာကျန်ရစ်ခဲ့ပေမယ့်မင်းကိုတော့အချိန်တိုင်းသတိရနေခဲ့တယ်။
ကိုယ်တို့နှစ်ယောက်ရဲ့ပတ်သတ်မှုတွေအဆုံးသတ်ခဲ့ပေမယ့်•••

တစ်ခါတစ်လေ"နေကောင်းရဲ့လား"ဆို တဲ့စာတိုလေးတော့ပို့ချင်မိတယ်။
မင်းဆီပို့မယ်လို့ကြံရွယ်ထားတဲ့စာတိုလေးတွေကိုမပို့ဖြစ်ခဲ့ပေမယ့်•••

မင်းကတော့ကိုယ့်အတွက်ထာ၀ရပါဘဲ အယ်နီ။

သတိရခြင်းများစွာဖြင့်••••

Sue Khatt Nwe

Short Poems Where stories live. Discover now