ညီမျှခြင်း

2 3 0
                                    

တစ်ယောက်နဲ့တစ်ယောက်
ဘယ်လောက်ပဲ ရင်းနှီးနေပါစေ
သူတို့တွေရဲ့ နှလုံးသားချင်း‌
ဝေးကွာသွားကြတဲ့အခါ
သူတို့ဟာ နီးလျက်နဲ့
ဝေးကွာနေကြသူတွေပေါ့ ။

တစ်ယောက်နဲ့တစ်ယောက်
အပြင်မှာ တစ်ခါမှမတွေ့ဖူးကြပေမယ့်
သူတို့တွေရဲ့ ခံယူချက်တွေ
ရူးသွပ်မှုတွေ တူညီနေကြတဲ့အခါ
သူတို့တွေရဲ့ နှလုံးသားဟာ
ညီမျှချင်း တစ်ခုလို
ထပ်တူညီကြတယ် ။

ဆူးခတ်နွယ်

Short Poems Where stories live. Discover now