Loving

4 3 4
                                    

ပိုင်ဆိုင်ခွင့်မရှိတဲ့ခင်ဗျားကို
ကျွန်တော်ဘယ်အချိန်တည်းကမြတ်နိုးခဲ့သလဲဆိုတာကျွန်တော်ကိုယ်တိုင်တောင်မသိတော့ဘူး။
ခင်ဗျားကိုဘာကြောင့်မြတ်နိုးခဲ့တာလဲဆိုတာတော့‌ကျွန်တော်‌သေသေချာချာသိတာပေါ့။

ပါးချိုင့်တစ်စုံပေါ့.....
ခင်ဗျားရယ်လိုက်တဲ့အခါခွက်ဝင်သွားတဲ့ပါးချိုင့်တွေကိုကျွန်တော်သိပ်ချစ်တယ်ဗျာ။
ခင်ဗျားရဲ့ဖြူစင်တဲ့အပြုံးချိုချိုကလည်းကျွန်တော့်ကိုနေ့ရောညပါနှိပ်စက်နေခဲ့တယ်။
မြန်မာဆန်ဆန်ဝတ်တတ်တဲ့ခင်ဗျားဟာကျွန်တော့်အတွက်တော့အလှနတ်သမီးပေါ့။
ကျွန်တော်ခင်ဗျားကို"ချစ်တယ်"လို့ပြောတော့
ခင်ဗျားကပြောတယ်"ကျွန်မမှာချစ်ရမယ့်သူရှိပြီးသား"တဲ့။

ကျွန်တော်ခင်ဗျားကိုချစ်တဲ့အချစ်ကပိုင်ဆိုင်လိုမှု၊တပ်မက်မှုတွေမပါပါဘူး။
ခင်ဗျားကိုမြင်နေရရင်ကိုကျေနပ်နေတာပါ။
ခင်ဗျားပြုံးတာကိုဘဲမြင်ချင်တဲ့ကျွန်တော်ကညညဆိုချောင်မှာတစ်ယောက်တည်းငိုတတ်နေပါပြီ။

ခင်ဗျားကိုသတိရတဲ့အခါတိုင်းခင်ဗျားကြိုက်တဲ့Taylor Swiftရဲ့"Lover"သီချင်းကိုrepeatလုပ်ပြီးနားထောင်နေတတ်ပြီ။
ခင်ဗျားသဘောကျတဲ့ကြည်ပြာရောင်ကောင်းကင်ကြီးအောက်မှာခင်ဗျားပျော်ရွှင်နေတယ်ဆိုရင်ကျွန်‌တော်ကျေနပ်ပါပြီ။

ဆူးခတ်နွယ်

Short Poems Where stories live. Discover now