ကျွန်မရဲ့ချစ်သော

4 4 0
                                    

ကျွန်မရဲ့ချစ်သောက
ထူထဲတဲ့မျက်ခုံးတစ်စုံကို ပိုင်ဆိုင်ထားတယ်
အရည်လဲ့နေတဲ့ သူ့မျက်ဝန်း တစ်စုံက
ကျွန်မရဲ့ အချိန်တွေကို ဖမ်းစားထားနိုင်တယ်
ရယ်မောလိုက်တဲ့အခါ
အပြုံးရဲ့ပြယုဂ်ဖြစ်တဲ့
သွားတက်ဖြူဖြူလေးတွေလည်း သူ့မှာရှိတယ်
ထိုလူသားက အေးစက်စက်နေတတ်ပေမယ့်
နွေးထွေးတဲ့သူ၊ကြင်နာတတ်တဲ့သူ ။

ကျွန်မရဲ့ချစ်သောက
ကျွန်မစိတ်ကောက်နေရင်
စိတ်ရှည်ရှည်နဲ့ချော့တတ်တယ်
ကျွန်မစိတ်မဝင်စားတဲ့ သမိုင်းအကြောင်းကိုလည်း
စိတ်ရှည်ရှည်နဲ့ သူရှင်းပြတတ်တယ်
ထိုလူသားက ကျွန်မချစ်သောသူ ။

သူက ကြည်ပြာရောင်တွေကို နှစ်သက်တဲ့သူ
Adventure movies တွေကို
စွဲစွဲလမ်းလမ်းကြိုက်တဲ့သူက
ကျွန်မကြိုက်တဲ့ Korea dramaတွေကို
မညည်းမညူ ကျွန်မနဲ့အတူကြည့်တတ်တယ် ။
ကော်ဖီတစ်ခွက်ထက်
လက်ဖက်ရည်ကိုပိုစွဲလမ်းတဲ့သူက
ကျွန်မကော်ဖီသောက်ရင်
သူပါ‌ကော်ဖီလိုက်သောက်တတ်တယ် ။

ကျွန်မရဲ့ချစ်သောရေ...
ရှေ့ဆက်မယ့်နေ့ရက်တိုင်း
ကျွန်မဘေးမှာ ရှိနေပေးပါ ။
ကျွန်မအချစ်ရဆုံးသူ ရှင်က
ကျွန်မရဲ့ နေ့ရက်မို့ပါ...။

#SueKhattNwe

Short Poems Where stories live. Discover now