ကြိုး

2 2 0
                                    

မမြင်ရတဲ့ကြိုးတွေရဲ့ ချည်နှောင်မှုကြောင့်
မောင့်ကို မြတ်မြတ်နိုးနိုး တွယ်တာခဲ့တယ် ။

သံယောဇဉ်ဆိုတဲ့ ကြိုးမျှင်လေးကြောင့်
မောင့်ကို မတွေ့ရရင် မနေနိုင်‌အောင် ဖြစ်ခဲ့ရတယ်
မောင့်ကို ငေးကြည့်နေရုံသာ တတ်နိုင်တဲ့ ကိုယ်က
မောင့်ရဲ့ ဘေးနားမှာ တိတ်တဆိတ် ရှိနေရရင်
ကျေနပ်ပေမယ့်...
မောင့်ဘေးနားမှာ ရှိနေတဲ့ အမျိုးသမီးကိုတော့
အားနာမိတယ် ။

မောင့်အကြောင်းတွေကို
တွေးတောရင်း စတင်ခဲ့တဲ့
နေ့ရက်တွေကို delete လုပ်ပြီး ဖျက်ပစ်လို့ရရင် သိပ်ကောင်းမယ်
ခက်တာက မောင့်ကို ကိုယ့်ဦးနှောက်ထဲ ကနေထုတ်ပစ်ဖို့ကြိုးစားလိုက်တိုင်း
ကိုယ့်နှလုံးသားမှာ အကြိမ်ကြိမ်နာကျင်ရတယ် ။

သံယောဇဉ်ကြိုးတွေကို မြင်နိုင်ခွင့်ရရင်
သိပ်ကောင်းမယ်
ဒါမှ ကိုယ်လွယ်လွယ် နဲ့ ဖြတ်တောက်လို့ရမှာ
ကိုယ်မပိုင်တဲ့ မောင့်ကို
သံယောဇဉ်ကြိုးတွေနဲ့
မချည်နှောင်ချင်တော့ဘူး...။

ဆူးခတ်နွယ်

Short Poems Where stories live. Discover now