ရင်ထဲကဆောင်း

5 2 9
                                    

(၁)

ဒီဇင်ဘာ(၁၃)ရက်နေ့

မြူနှင်းတွေနဲ့ဝေနေတဲ့ရှမ်းပြည်‌တောင်ပိုင်းရွာလေးမှာ အအေးဓာတ်ကလည်း ပိုလို့နေခဲ့တယ် ။မနက်ခင်း ချိန်မှာကော်ဖီတစ်ခွက်နဲ့အတူ အတွေးနယ်ချဲ့နေခဲ့မိတယ်...။

(၂)

လွန်ခဲ့သော သုံးနှစ်ခန့်ကပေါ့
နောက်ဆုံးနှစ်တက်ရောက်နေတဲ့ အေမီဆိုတဲ့ကျွန်မက ဒီဇင်ဘာကျောင်းပိတ်ရက်မှာ သူငယ်ချင်းမရဲ့ရွာကို အလည်လိုက်သွားဖြစ်ခဲ့တယ် ။အစကလိုက်မဲ့အစီအစဉ်လည်းမရှိခဲ့၊အိမ်လည်းမပြန်ချင်၊အဆောင်မှာနေခဲ့ဖို့ကလည်း ပျင်းတာကြောင့် နောင်ဟိုင်းလို့အမည်ရတဲ့ ပအို့ဝ်ရွာလေးကို အလည်လိုက်သွားမိခဲ့တယ် ။ ကိုယ်မရောက်ဖူးတဲ့နေရာ တစ်ခုကိုသွားရောက်ရတဲ့အခါ စိတ်လှုပ်ရှားမှုတွေ၊ပျော်ရွှင်မှုတွေက ရင်ထဲမှာဗလောင်ဆူနေခဲ့တာပေါ့။

နောင်ဟိုင်းရွာကိုလည်းရောက်ခဲ့ပြီ...
ဒီဇင်ဘာလရဲ့ လေထုကအေးတာထက်ကိုပိုအေးနေခဲ့တယ် ။‌ အနွေးထည် ထူထူဝတ်၊ဦးထုပ်ဆောင်း၊ခြေအိတ်၊လက်အိတ်တွေစွပ်ထားပေမယ့် အအေးဓါတ်က ‌ဆောင်းလေနဲ့အတူ အေးမြဲအေးဆဲ ။

သူငယ်ချင်းမရဲ့ဇာတိရွာလေးက သစ်ပင်ပန်းပင်တွေနဲ့သာယာတဲ့အတွက် ကျွန်မရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ခဲ့တယ်လေ ။ရွာကိုရောက်ပြီး တစ်ရက်လောက်ကြာတော့ ကျွန်မတို့‌တွေရွာထဲကို လမ်းလျှောက်ထွက်ခဲ့ကြတယ် ။ပြီး‌တော့မောင့်ကို အမှတ်မထင်တွေ့ခဲ့တယ် ။ကျွန်မရဲ့အဆက်မပြတ်ခုန်နေတဲ့ နှလုံးသားတစ်စုံတော့ နွေးထွေးနေခဲ့တယ်။

နန်းကမောင်နဲ့ ကျွန်မကိုမိတ်ဆက်ပေးခဲ့တယ်။မောင်ကလည်း မောင့်သူငယ်ချင်းနဲ့အတူ နောင်ဟိုင်းရွာကိုအလည်လာခဲ့တာပေါ့ ။

(၃)

မောင့်ကို ကျွန်မသိခဲ့တာ second yearကတည်းကပေါ့။ မိန်းကလေးတွေကြားထဲမှာ နာမည်ကြီးတဲ့မောင်၊ မောင့်အကြောင်းတွေကို ကျွန်မရင်းနှီးနေခဲ့သလို မောင့်ကိုလည်းကျွန်မ ရင်းနှီးနေခဲ့တာ အတော်ကြာခဲ့ပြီ ။

မောင်ကတော့ကျွန်မကို မသိခဲ့ပါဘူး။မောင့်ရဲ့ Facebook accountကိုသိပေမယ့် add friendနှိပ်ဖို့ ကျွန်မမှာသတ္တိမရှိခဲ့ ။ကျွန်မaccကို confirm မလုပ်မှာကို ကြောက်နေမိခဲ့တယ် ။မောင်ကပညာလည်းထူးချွန်သလို အားကစားပိုင်းမှာလည်း ထူးချွန်တာပေါ့ ။Volleyball ပွဲတွေကျင်းပတိုင်း မောင်တို့ majorကိုအမြဲအားပေးဖြစ်ခဲ့တယ် ။

Short Poems Where stories live. Discover now