လွင့်

9 4 0
                                    

အခုရက်ပိုင်း ကျွန်တော်မပျော်ဘူး...
ပူလောင်အိုက်စပ်လှတဲ့ နွေရက်ရှည်တွေကို
လက်ချိုးလို့ရေတွက်ရင်း အဓိပ္ပာယ်မရှိ
ရှင်သန်နေခဲ့တယ် ။

ကျွန်တော် မနက်ဖြန်ထိ ရှင်သန်နေမှာလား
သဘက်ခါထိလား ၊ နောင်နှစ်ပေါင်းများစွာထိတော့ ကျွန်တော် မရှင်သန်ချင် ....
အထီးကျန်‌ညတွေမှာ အိပ်မပျော်ခဲ့တာ အတော်ကြာခဲ့ပါပြီ
မနက်ဖြန်တိုင်းဟာ ကျွန်တော်ရှင်သန်ရခြင်းရဲ့နောက်ဆုံးနေ့တွေပါပဲ ။

ကျွန်တော့်ဘေးနားမှာ ဘယ်သူမှမ‌ရှိတော့ ကျွန်တော်ဟာ ဘယ်သူလဲ ဆိုတာ သေချာသိလိုက်ရပြီ
ကျွန်တော်ဟာ စွန့်ပစ်ခံ မကောင်းဆိုးဝါးတစ်ကောင်ပါ
ကျွန်တော်ရှိနေရင် အခြားသူတွေ စိတ်ညစ်ရတယ်
ကျွန်တော်ဟာ ကံဆိုးခြင်းတွေကို ယူဆောင်လာတဲ့ နတ်ဆိုး ....
ကျွန်တော့်ကို ဝိုင်းပယ်ထားတဲ့အတွက် သူတို့ကိုကျွန်တော် အပြစ်မမြင်
သူတို့ပျော်ရွှင်နေတာတွေ့ရင်တော့ ကျွန်တော်တိတ်ဆိတ်စွာ အားကျနေမိတတ်တယ် ။

ကျွန်တော်က ဘာကြောင့် ပျော်ရွှင်မှုနဲ့မထိုက်တန်ရတာလဲ...
ကျွန်တော်ဟာ မွေးလာကတည်းက ကောင်းကျိုးမပေးတဲ့သူလား...
ကျွန်တော်လည်း တစ်ခါတစ်ရံ သူတို့တွေလို ပျော်ရွှင်ခြင်မိတယ်
ပျော်ရွှင်ခြင်းဆိုတာ ကျွန်တော်ရနိုင်စွမ်းမရှိတဲ့ အရာတစ်ခုလား...
သူငယ်ချင်းဆိုတာ ကျွန်တော် ပတ်သက်ခွင့်မရှိတဲ့ နယ်ပယ်လား...
မိသားစုဆိုတာ ကျွန်တော်ပိုင်ဆိုင်ခွင့်မရှိတဲ့ အရာလား...

ကျွန်တော့်နေ့ရက်တွေကိုတော့ မြန်ဆန်စွာ အဆုံးသတ်ချင်နေမိတယ် ။
တစ်ကယ်တော့ ကျွန်တော်ဟာ အပယ်ခံလူသား။

#ဆူးခတ်နွယ်

Short Poems Where stories live. Discover now