Nightmare

7 3 0
                                    

အသက်ရှုသံယဲ့ယဲ့က
တိတ်ဆိတ်နေတဲ့အခန်းထဲမှာ
ကျယ်လောင်ကာနေတယ်။

နာရီရဲ့စက္ကန့်နဲ့အမျှ ရွေ့လျားသံတွေက
မြူ့ကိုခြောက်လှန့်နေတယ်။
အတိတ်ရဲ့အရိပ်မဲတို့က
မြူ့နောက်ကနေထပ်ကြပ်မကွာ
လိုက်နေကြတယ်
ထိုအရိပ်တွေထဲမှာ
မောင့်ရဲ့အပြုံးတွေက
ကြောက်စရာကောင်းအောင်
လှပနေတယ်။

မောင်ပြောခဲ့တဲ့ ယုံတမ်းစကားတွေက
မြူ့ဘဝဖြစ်ခဲ့တယ်
မောင်ထားခဲ့တော့ မြူ့ဘဝ
ပျက်ရတာပါပဲ။
ညစဉ်ညတိုင်း မောင့်ကိုသတိရတိုင်း
မောင်သောက်နေကျ ဘရန်ဒီပုလင်းက
မြူ့အိပ်ရာပေါ် နေရာဝင်ယူနေတယ်။

မောင့်ကိုသေလောက်အောင် လွမ်းတဲ့အလွမ်းတွေကို
ဘရန်ဒီတစ်ခွက်သောက်ပြီး မေ့ပျောက်နိုင်ပေမယ့်
အိပ်မက်ထဲမှာတော့ မောင်မြူ့ကိုထားခဲ့တဲ့
‌နေ့ကို ထပ်ကာထပ်ကာရောက်နေရတယ် ။
အိပ်‌ဆေးတွေကလည်း မြူ့ဒဏ်ရာကိုမကုစားနိုင်
မြူ့စိတ်တွေကတော့
အကြိမ်ကြိမ်သေဆုံးနေပြီးသား။

အခန်းပြတင်းမှာချိတ်ထားတဲ့
Dreamcatcherလည်း မြူ့ဆီညတိုင်းအလည်လာတဲ့
အိပ်မက်‌ဆိုးတွေကို မတားဆီးနိုင်တော့ဘူး
မြူလည်း မြူ့nightmareတွေကို မတားဆီးနိုင်
မောင်ကတော့ မြူ့အိပ်မက်ထဲမှာ
သေလောက်အောင်ချစ်ဖို့ကောင်းနေတယ်
မောင်က မြူ့အတွက်တော့
ပြန်မမက်ချင်တော့တဲ့ အိပ်မက်ဆိုး။

#SueKhattNwe

Short Poems Where stories live. Discover now