Teenage Love

3 3 4
                                    

အချစ်ကိုစတင်ခံစားခွင့်ရတဲ့ဆယ်ကျော်သက်အရွယ်
ဆယ်ကျော်သက်တစ်ယောက်ရဲ့ချစ်ခြင်း••••

အသားညိုညိုနဲ့အစ်ကိုကကျွန်မရဲ့အချစ်ဦး၊အချစ်ရဆုံးသူ။
အစ်ကို့ကြောင့်ကျွန်မရဲ့အိပ်မက်တွေလှပခဲ့ဖူးတယ်။

အစ်ကို့ကိုစသိတာအားကစားပွဲတစ်ခုမှာပေါ့
အဲ့အချိန်ထဲကကျွန်မရဲ့ဘ၀ထဲကိုအစ်ကိုမသိမသာ၀င်ရောက်နေခဲ့တယ်။
စာသင်ချိန်အခန်းဘေးကဖြတ်သွားတဲ့အစ်ကို့ကိုလိုက်ကြည့်ရင်းသင်ခန်းစာတွေလည်းလွတ်ခဲ့ရတယ်။
အစ်ကို့ကိုတွေ့နေရရင်ကိုကျွန်မရဲ့ရင်ထဲမှာကြည်နူးခြင်းဆိုတဲ့ပန်းလှလှလေးတစ်ပွင့် ပွင့်နေခဲ့တာပေါ့။
အစ်ကို့အပြုံးတွေကြောင့်ပန်းပွင့်လေးဟာငြွားငြွားစွင့်စွင့်ပွင့်နေခဲ့တာပေါ့။

အားကစားပွဲတွေမှာအစ်ကိုပါရင် အစ်ကိုတို့အဖွဲ့အနိုင်ရအောင် ဘုရားမှာအစ်ကို့ကိုဘယ်လောက်ချစ်ကြောင်းတိုင်တည်ပြီး ဆုတွေလည်းတောင်းခဲ့ဖူးတယ်။
အစ်ကို့အပြုံးတွေကကျွန်မရဲ့နေ့ရက်တွေကိုလှပစေတယ်၊ကြည်နူးစေတယ်။

ဒါပေမယ့်အစ်ကိုကကျွန်မကိုမသိခဲ့ဘူး
ကျွန်မကျောင်းမှာရှိနေမှန်းတောင်အစ်ကိုမသိခဲ့ပါဘူး။
အစ်ကို့ fb acc ကိုတွေ့တော add friendလေးနှိပ်ခဲ့ပေမယ့်
အစ်ကိုကတော့ confirmတောင်မလုပ်ခဲ့ပါဘူး။

အစ်ကိုကျောင်းလာတတ်တဲ့အချိန်တိုင်းစိန်ပန်းပင်အောက်မှာအစ်ကို့ကိုစောင့်နေခဲ့ရတဲ့နေ့ရက်တွေ၊
အစ်ကို Canteenထိုင်ရင်ကျွန်မပါ canteen လိုက်ထိုင်ပြီးအစ်ကို့ကိုခိုးကြည့်ခဲ့ရတဲ့အချိန်တွေ
အစ်ကို့စာသင်ခုံအောက်မှာမုန့်တွေထားပေးခဲ့တဲ့နေ့ရက်တွေ
အစ်ကိုကျွန်မကိုသတိထားမိကောင်းပါရဲ့•••

အစ်ကိုနဲ့အင်္ကျီအရောင်တူတဲ့နေ့တွေကတော့ကျွန်မအတွက်အပျော်ဆုံးနေ့ရက်တွေပေါ့။
နေမကောင်းတဲ့အချိန် အစ်ကို့အပြုံးတွေကကျွန်မအတွက်အားဆေးတစ်ခွက်ပါဘဲ။
အစ်ကိုနဲ့ပတ်သတ်တဲ့အရာမှန်သမျှကိုကျွန်မမြတ်နိုးခဲ့တယ်၊တွယ်တာခဲ့
တယ်။
အချစ်ကိုကိုးကွယ်တတ်လာတာအစ်ကို့ကြောင့်ပါ။
အစ်ကိုကတော့ကျွန်မကိုကျောင်းပြီးတဲ့အချိန်ထိမသိခဲ့ပါဘူး။ကျွန်မရဲ့အချစ်တွေလည်းတိတ်တိတ်လေးသေဆုံးသွားခဲ့တယ်။

ကျွန်မရဲ့အိပ်မက်လေးတစ်ခန်းရပ်ခဲ့ရပေမယ့်
အစ်ကိုပါ၀င်ခဲ့တဲ့အဲ့ဒီအိပ်မက်လေးကကျွန်မအတွက်တော့အမြဲတမ်းလှပနေခဲ့တယ်။ကျွန်မရဲ့ဆယ်ကျော်သက်အရွယ်မှာအချစ်ကိုခံစားတတ်အောင်လုပ်ပေးခဲ့တဲ့အစ်ကို့ကိုအမြဲတမ်းကျေးဇူးတင်နေမှာပါ အစ်ကို•••

ဆူးခတ်နွယ်

Short Poems Where stories live. Discover now