အတ္တ...ကျွန်မကိုသိတဲ့လူတချို့က
ကျွန်မကို အတ္တကြီးတယ်တဲ့ကျွန်မလည်းဝန်ခံပါတယ်
ကျွန်မကအတ္တကြီးတဲ့ မိန်းမတစ်ယောက်ကိုယ့်ကိုကိုယ်က လွဲပြီး ဘယ်သူ့ကိုမျှ
မချစ်တတ်ဘူး...ချစ်ရမှာလည်းကြောက်တယ်
လူတစ်ယောက်ကိုအချိန်အကြာကြီး
သစ္စာရှိရှိနဲ့ ချစ်ရမှာ ငြီးငွေ့စရာကြီးမလား...။သူငယ်ချင်းအပေါင်းအသင်းဆိုရင်
လေးယောက်ထက်မပို
ကိုယ့်ကိုစွန့်ခွာသွားကြတဲ့ သူတွေကြောင့်
ဘယ်သူ့ကိုမျှ သံယောဇဉ်မထားတတ်တော့ဘူး
ကျွန်မတစ်ယောက်တည်းနေရလည်း
ကိုယ့်အတ္တရိပ်မြုံထဲမှာ ပျော်နေပြီ ။ဘဝမှာတွေ့ဆုံရတဲ့သူတွေကိုလည်း
မြန်မြန်နဲ့မေ့တတ်လာပြီ
သူတို့တွေက ကျွန်မအတွက်
စကြာဝဠာထဲက အမှုန်အမွှားလေးတွေမို့ပါ ။အတ္တရိပ်မြုံထဲမှာ ပျော်နေပြီမို့
အတ္တရိပ်မြုံထဲမှာ နေသားကျနေပြီမို့
ကျွန်မရှင်သန်နေရတာ
အဆင်ပြေနေပါပြီ....။ဆူးခတ်နွယ်