Dear Me

3 2 5
                                    

မပျော်ရွှင်ရခြင်းတွေကြားထဲမှာ နေသားကျခဲ့တော့
ပျော်ရွှင်မှုကိုတောင်မေ့ပျောက်နေခဲ့ပြီ ။
ငါ့ကိုယ်ငါလည်း မေ့နေတတ်သလို
ငါဘာကြောင့်ဖြစ်တည်လာသလဲ ဆိုတာ
ငါကိုယ်တိုင်မသိချင်တော့။

အေးစက်စက်ဆက်ဆံရေးတွေကြောင့်
ငါလည်း တစ်ယောက်တည်းနေတတ်လာပြီ
အရင်ကဆို အထီးကျန်ရမှာကို
သေမတတ်ကြောက်ခဲ့တဲ့ငါက
အခုတော့လည်း ငါ့ကမ္ဘာမှာ ငါတစ်ယောက်တည်း။

ချစ်ရပါသောငါရေ....
ငါအထီးကျန်နေပေမယ့် ငါ့ဘေးမှာငါရှိတယ်
ငါဝမ်းနည်းနေပေမယ့် အလှဆုံးပြုံးထားတယ်
ငါ့မျှော်လင့်ချက်တွေက ငါဖြစ်နေတာမို့
ရှေ့ဆက်ရမယ့်ဘဝကို
အလှပဆုံးရှင်သန်မယ် ။

ဆူးခတ်နွယ်

Short Poems Where stories live. Discover now