တမ်းတခြင်း

4 2 0
                                    

ကျွန်တော်တို့နှစ်ယောက်ရဲ့ ရေစက်က
ဒီဘဝမှာတင် အဆုံးသတ်ပြီ ထင်ပါတယ် ။

မင်းဘက်က စခဲ့တဲ့ဇာတ်လမ်းကို
မင်းကိုယ်တိုင်ပဲ အဆုံးသတ်ခဲ့တယ်
နှုတ်ဆက်ချိန်တောင်မရှိခဲ့တဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ လမ်းခွဲခြင်းက ကြယ်တွေစုံနေတဲ့ နွေလယ်ညမှာပေါ့....။

မင်းသိပ်ရက်စက်တယ် အချစ်...
ကျွန်တော့်ဘဝရဲ့ နောက်ဆုံးမျှော်လင့်ချက်က
မင်းပါလို့ ကျွန်တော်အကြိမ်ကြိမ်အခါခါပြောခဲ့ပေမယ့်
မင်းက လျစ်လျူရှုပြီး ကျွန်တော့်ကို စွန့်ခွာခဲ့တယ်။

ကျွန်တော့် မျှော်လင့်ချက်တွေလည်း ကြွေပျက်ခဲ့ရပြီ
ကျွန်တော့်ရဲ့ မင်းကလည်း ကျွန်တော့်ကို ချန်ရစ်ခဲ့ပြီ
ကျွန်တော်ဟာ မင်းအတွက် အသုံးမဝင်တော့တဲ့ ဂီတာအိုလေး
မင်းပေးခဲ့တဲ့ ဒဏ်ရာတွေ အနာကျက်ဖို့
ကိုယ် ကမ္ဘာတစ်ထောင်ထိ စောင့်ရအုန်းမယ် ။

မင်းလည်းတခြားသူ နဲ့ ပျော်ပါစေ ။
ကိုယ်လည်း ဒဏ်ရာတွေနဲ့ ပျော်ပါစေ ။
ဒီဘဝတော့ ဒီမျှနဲ့တင်....။

ဆူးခတ်နွယ်

Short Poems Tempat cerita menjadi hidup. Temukan sekarang