ဆုတောင်း

17 4 0
                                    

ဟိုး....ကောင်းကင်ပေါ်ကနေ
ကြယ်တာရာတွေ ကြွေဆင်းတဲ့အခါ
ကလေးတစ်ယောက်ဟာ သူလိုချင်တာတွေရဖို့ပျော်ရွှင်စွာ ဆုတောင်းခဲ့ဖူးတယ်။

သူ့ဆုတောင်းက...
အရုပ်ကားလေး ဖြစ်ချင်ဖြစ်လိမ့်မယ်
‌သကြားလုံးလေးတွေ ဖြစ်ချင်ဖြစ်လိမ့်မယ်
ကမ္ဘာမြေကြီး ပျက်စီးပါစေကြောင်း
သူဆုမတောင်းခဲ့....။

လမိုက်ညရဲ့ ညကောင်းကင်ဟာ
ကြယ်တာရာတွေနဲ့ လင်းလက်လို့နေတယ်
တစ်ဆယ့်ရှစ်နှစ်အရွယ်
ကောင်လေးတစ်ယောက်....
ကြယ်တစ်လုံးကြွေကျချိန်မှာ
ဆုတစ်ခုတောင်းလိုက်တယ်

"စိတ်ပျက်စရာကောင်းတဲ့ ကမ္ဘာမြေကြီး မြန်မြန်ပျက်သုဉ်းပါစေ..."

#Sue Khatt Nwe

Short Poems Tahanan ng mga kuwento. Tumuklas ngayon