Sunflower

5 3 2
                                    

နေကြာပန်းလေးတွေဟာ နေမင်းကြီးဘက်ကိုမျက်နှာမူပြီး ရှင်သန်ရသလို.....
ကျွန်မလည်း အစ်ကိုရှိတဲ့အရပ်မှာ ရှင်သန်ချင်တယ်...။

နေကြာပန်းလေးရဲ့ဖြစ်တည်မှုမှာ နေမင်းကြီးကို လိုအပ်သလို...
ကျွန်မရဲ့ ဖြစ်တည်မှုမှာလည်း အစ်ကိုကမရှိမဖြစ်ပါဘဲ။

နေမင်းကြီးရဲ့အနွေးဓာတ်ကြောင့် နေကြာပန်းလေးရဲ့အပြုံးတွေ ချိုမြိန်သလို...
ကျွန်မ ရဲ့အပြုံးတွေ ချိုမြိန်ဖို့အတွက် အစ်ကို့ရဲ့ အနွေးဓာတ်တွေ လိုအပ်တယ်...။

နေကြာတွေဟာ အမှတ်မရှိပါဘူး...
သူတို့နဲ့ မပတ်သက်ချင်လို့ ကျောခိုင်းခဲ့သူကိုတောင် သစ္စာရှိရှိ စောင့်မျှော်နေသူတွေပေါ့....
ကျွန်မလည်း အမှတ်မရှိတဲ့သူပေါ့....
ကိုယ်နဲ့ မပတ်သက်ချင်တဲ့
အစ်ကို့ကိုမှ သစ္စာရှိရှိ စောင့်မျှော်နေတုန်းဘဲ....။

နေကြာတွေဟာ ညှိုးနွမ်းတဲ့အချိန်တိုင်အောင် သူတို့အချစ်တွေပြသဖို့ နေမင်းကြီးကို မျက်နှာမူသလို....
ကျွန်မရဲ့ ချစ်မေတ္တာတွေကိုလည်း အစ်ကိုသိအောင်ပြသချင်ပေမယ့် အစ်ကိုက ကျွန်မကို ထားရစ်ခဲ့တယ်...

အစ်ကိုပြန်မလာမှန်း သိပေမယ့် နေကြာတွေလို မျှော်လင့်ချက်တွေနဲ့စောင့်မျှော်နေတုန်းဘဲ....။

အစ်ကိုကပြောတယ် ကျွန်မက အစွဲအလမ်းကြီးလွန်းတယ်တဲ့...
အစ်ကို့ကို အစွဲကြီးလွန်းနေတာရယ်တော့မဟုတ်ပါဘူး
အစ်ကို့အပေါ်ထားရှိတဲ့ ကျွန်မအချစ်တွေ မသေဆုံးသေးလို့ပါ။
ကျွန်မရဲ့အချစ်ကလည်း သေဆုံးမှာမဟုတ်၊ထာ၀ရတည်ရှိနေမယ့် ချစ်ခြင်းမျိုး...။

နေကြာတွေလိုပေါ့ အစ်ကိုရာ...
ကျွန်မလည်း အစ်ကိုရှိရာ အရပ်ကို မျက်နှာမူပြီး ရှင်သန်နေပါ့မယ် ...။

ကျွန်မသာနေကြာပန်းလေးဆိုရင် ....အစ်ကိုကနေမင်းကြီးပေါ့....။

ဆူးခတ်နွယ်

Short Poems Where stories live. Discover now