ပြတင်းပေါက်ကလေး

4 2 4
                                    

ပြတင်းမှန်ပေါ်မှာ...
နှင်းရည်လေးတွေ ခဲနေတယ်
နေခြည်ပျို့လာတော့
ပျော်ကျလာတဲ့ နှင်းရည်တွေက
ပြတင်းပေါ်မှာ စီးယိုနေတယ်
ပြတင်း‌ပေါ်ကနှင်းရည်တွေက
လက်ရာအမြောက်ဆုံး
ပန်းချီကားချပ်တစ်ခု ။

ပြတင်းဘေးမှာ ချယ်ရီပင်ပျိုရှိတယ်
ဆောင်းလေပြည်နု တိုက်ခတ်တိုင်း
သူမပြုံးတယ် ၊သူမရဲ့ပွင့်ဖတ်တွေကတော့
တဖြုတ်ဖြုတ်နဲ့ ကြွေနေတယ်
မြေပြင်ကတော့ ပန်းရောင်ပင်လယ်ပြင်ပေါ့ ။

ပြတင်းပေါက်ဘောင်ပေါ်မှာ
ကြောင်လေးတစ်ကောင်
သူ့သခင်ပြန်အလာကို
မျှော်နေရှာတယ်
သူ့မျက်ဝန်းတွေကတော့
စိုစွတ်နေတယ်.... ။

ပြတင်း‌ပေါက်နားက ထိုင်ခုံလေးမှာ
ကောင်လေးတစ်ယောက်
ကဗျာစာအုပ်တစ်အုပ်၊ကော်ဖီတစ်ခွက်နဲ့
သူမပြန်အလာကို စောင့်မျှော်နေတယ် ။

ကောင်လေး မျက်စိနှစ်ဖက်
စုံမှိတ်ရင်း စိတ်ထဲကနေ
တစ်၊နှစ်၊သုံး ရေရွတ်လိုက်တယ်
မျက်စိပြန်ဖွင့်တဲ့ အခါ
သူ့မြင်ကွင်းထဲဝင်ရောက်လာတဲ့
သူမရဲ့ပုံရိပ်....
ကောင်လေးရဲ့ နှုတ်ခမ်းထောင့်စွန်းနှစ်ခု
ကွေးသွားတယ်
ပြီးတော့ သူရေရွတ်လိုက်တယ်
"မေမေ ပြန်လာပြီ"
ကြောင်လေးကလည်း အမြှီးနှံ့ပြီး
သူမဆီ အပြေးသွားတယ်...။

ပြတင်းပေါက်လေးကတော့
ထွက်ပြူစ ပြုနေတဲ့နေမင်းကြီးကို
ဆီးကြိုနေတယ်....။

ဆူးခတ်နွယ်

Short Poems Where stories live. Discover now