Dear Me

4 3 22
                                    

ဒီကမ္ဘာမြေပေါ်မှာမင်းရှင်သန်နေတာနှစ်၂၀ရှိခဲ့ပြီ••••။

မင်းအမှန်တကယ်ပျော်ရွှင်ရဲ့လား။
ပျော်ရွှင်ခြင်းဆိုတာမင်းအတွက်ခက်ခဲမှန်းသိပါတယ်။
ဒါပေမယ့်မင်းရှင်သန်နေတုန်းမှာပျော်ပျော်ရွှင်ရွှင်နေပါ။
မင်းတတ်စွမ်းနိုင်တဲ့အရာတွေကိုကြိုးစားနေတာငါသိပါတယ်။
မင်းရှုံးနိမ့်တဲ့အချိန်တိုင်းလည်းမင်းငိုကြွေးတာကိုလည်းငါသိတာပေါ့။
ဒါပေမယ့်အမြဲတမ်းတော့မငိုပါနဲ့။မင်းပါးပြင်ပေါ်ကမျက်ရည်တွေကမင်းကိုလှောင်ရယ်နေလိမ့်မယ်။
မင်းအထီးကျန်နေတယ်ဆိုတာငါသိတာပေါ့
ဒါပေမယ့်အထီးကျန်တိုင်း၀မ်းနည်းမနေပါနဲ့။

အထီးကျန်ခြင်းကမင်းကိုလွှမ်းမိုးလာတဲ့အခါ၀မ်းနည်းခြင်းကိုမင်းမတားဆီးနိုင်မှာငါစိုးရိမ်တယ်။မင်းအထီးသလိုခံစားရတဲ့အခါရုပ်ရှင်ကြည့်ပါ၊သီချင်းနားထောင်ပါ၊စာအုပ်တွေဖတ်ပါ။အဲ့ဒါဆိုအထီးကျန်ခြင်းနဲ့အတူ၀မ်းနည်းခြင်းပါမင်းဆီကပျောက်ကွယ်သွားလိမ့်မယ်။

မင်းပေါင်းသင်းဆက်ဆံရေးညံ့တာငါသိတာပေါ့
မင်းကအမြဲတမ်းမျက်နှာထားတည်ပြီး၊အေးတိအေးစက်နဲ့ပြုံးရယ်ခြင်းလည်းမရှိဘူး။

သူများတွေထင်တာမင်းကိုမာနကြီးတယ်ပေါ့
မင်းမာနမကြီးတာငါသိတာပေါ့
မင်းရဲ့typeကအေးတိအေးစက်ဖြစ်နေတာလည်းမင်းအမှားမဟုတ်ပါဘူး။
ဒါပေမယ့်မင်းဆက်လက်ရှင်သန်နေရမှာဖြစ်တဲ့အတွက်အများသူငါရှေ့မှာမျက်နှာထားမတည်ဘဲမင်းရဲ့အလှဆုံးအပြုံးတွေကိုပန်ဆင်ထားလိုက်ပါ။

မင်းကိုဂရုမစိုက်တဲ့လူတစ်ယောက်ကိုမင်းခင်တွယ်နေတာငါသိတာပေါ့
သူ့တို့အတွက်ဆိုမင်းအကုန်ဖြည့်ဆည်းပေးခဲ့ပေမယ့်သူတို့ကတော့မင်းကိုအရေးတောင်မလုပ်ခဲ့ဘူးလေ။
ကိုယ့်ကိုဂရုမစိုက်တဲ့လူတွေကိုအရေးလုပ်မနေနဲ့။မင်းရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုသူတို့တွေအတွက်မသုံးပါနဲ့။

မင်းဆက်လက်ရှင်သန်ရမယ့်နေ့သစ်တွေကိုပျော်ပျော်ရွှင်ရွှင်နဲ့အလှပဆုံးဖြတ်သန်းလိုက်စမ်းပါ။မင်းရဲ့အပြုံးတွေနဲ့လောကကိုအလှဆင်ပါ။လောကကြီးကိုလည်းကျေးဇူးတင်တတ်ပါစေ။ကျေးဇူးရှင်တွေကိုလည်းတန်ဖိုးထားတတ်ပါစေ။
တကယ်တော့မင်းဟာငါကိုယ်တိုင်ပါဘဲ။

ဆူးခတ်နွယ်

This is my own feeling. I'm the one who is Ambivert . I'm not easily friendly to others and that make me feel alone. And this one is very special for me. I've got a lot of strength by writing this .

Short Poems Where stories live. Discover now