Dimples

5 3 2
                                    

ပါးချိုင့်လေး....
ကျွန်တော့်အချစ်တွေအားလုံးဟာ အဲ့ဒီပါးချိုင့်လေးကနေ စတင်ခဲ့တာပေါ့
အစ်ကိုရာ...။

ပါးချိုင့်ပါတဲ့ ယောက်ျားလေးတွေကို သိပ်မုန်းတဲ့ ကျွန်တော်
အစ်ကိုရယ်မောတဲ့အခါ ခွက်ဝင်သွားတဲ့ ပါးချိုင့်လေးတွေကို မြတ်နိုးခဲ့တယ်
ပါးချိုင့်ဆိုတာကလည်း အစ်ကိုနဲ့မှ လိုက်ဖတ်နေတာ။

ပါးချိုင့်လေးကို မြတ်နိုးမိရာကနေ အချစ်တွေ ဖြစ်ပေါ်လာခဲ့တယ်
ကျွန်တော့်ရဲ့ ဝင်သက်ထွက်သက်တိုင်းကလည်း
အစ်ကို့ကြောင့်ဘဲ စည်းနရီမှန်လာခဲ့တယ်
ကျွန်တော် အစ်ကို့ကို အရမ်းချစ်တယ်....။

မဖြစ်နိုင်ခြင်းတွေကို တောင့်တနေခြင်းက
အရူးတစ်ယောက်လိုပါဘဲ
ကျွန်တော်လည်း မဖြစ်နိုင်မှန်းသိရက်နဲ့ အစ်ကို့ကို ပိုင်ဆိုင်ချင်ခဲ့တယ်...။

တကယ်လို့များပေါ့အစ်ကိုရာ...
အစ်ကို့ကို ပိုင်ဆိုင်ခွင့်ရခဲ့ရင်ပေါ့
အစ်ကို့ပါးချိုင့်လေးတွေကို
မက်မက်မောမော မြတ်မြတ်နိုးနိုး
နမ်းရှိုက်ချင်မိတယ်....အစ်ကို ။

ဆူးခတ်နွယ်

Short Poems Where stories live. Discover now