<1>🍭

3.1K 230 61
                                    

(Unicode)

"သောက်ချီး! ငါ့ကံက ဘာလို့ ဒီလောက်တောင် ဆိုးရွားရတာလဲ"

လမ်းမပေါ်မှာ ညည်းတွားနေတဲ့ လူတစ်ယောက် ။

သူကတော့ အခြားသူမဟုတ် ပန်းချီဆရာလေး Min Yoongi ပင် ။ ပန်းချီကောင်းကောင်းရေးဆွဲတတ်လို့သာ ပန်းချီဆရာလို့
ခေါ်ရတာ တကယ်တော့ လူက လမ်းဘေးက အမှိုက်သာသာ ။

Yoongi တစ်ယောက် အလုပ်အကိုင်နဲ့ဝေးနေသည်မှာ လပိုင်းလောက်ရှိချေပြီ ။ ထိုအတောအတွင်း မရှိရှိတာ လေးနဲ့ ခြစ်ကုတ်စားနေရသည် ။ဒီအတိုင်းဆက်နေလို့လဲ မဖြစ်တော့ ငှားထားတဲ့ အခန်းလခကလဲပေးရအုံးမည် ။
စားဝတ်နေရေးအတွက် ကိုယ်တတ်သလောက်ပညာနဲ့ လုပ်ကိုင်စားရန်မှာလဲ ကိုယ်တတ်သည်မှာ ပန်းချီပညာ တစ်ခုက လွဲ၍မရှိ ။

ဒါ့ကြောင့် Yoongi ပန်းချီသင်တန်း တစ်ခုဖွင့်ရန် ဆုံးဖြတ်လိုက်သည် ။ သို့သော် အပြောကသာ လွယ်တာ တကယ်လုပ်မည်ဆိုလျှင် ခက်ခဲသေးသည် ။

ပန်းချီသင်တန်းဖွင့်ဖို့ အခန်းတစ်ခန်းထပ်ငှားရမည် ။ လက်ရှိငှားနေတဲ့ အခန်းကတော့ ဘယ်လိုမှမဖြစ် ၊ ကိုယ့်ဟာကိုတောင် ဆန့်အောင် မနည်းနေနေရသည် ။

ပန်းချီသင်ဖို့ အခန်းအဆင်သင့်ရှိတယ်ထားအုံး
ပန်းချီဆွဲဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ရအုံးမည် ။ သူ့မှာရှိတဲ့ စုပ်တံတွေက ဖွာလန်နေပြီး မိုးချိုးပစ်ခံရတဲ့ လူတစ်‌ယောက်ရဲ့ ဆံပင်နဲ့တောင် တူနေသေးသည် ။ ဆေးတွေကလဲ ခြောက်ကပ်ပြီး ပက်ကြားအက် နေလေပြီ ။

ထို့ကြောင့် ပိုက်ဆံရရန် အနှစ်နှစ်အလလ အမြတ်တနိုး သိမ်းထားတဲ့ ပန်းချီကားလေးနှစ်ချပ်ကို သွားရောင်းရာ အလိမ်ခံလိုက်ရတဲ့အတွက် ပိုက်ဆံလဲ မရတဲ့အပြင် ရှိတဲ့ရတနာလေးနှစ်ခုပါ ဆုံးရှုံးလိုက်ရလေသည် ။

လက်ထဲက ပြားချပ်နေတဲ့ ပိုက်ဆံအိတ်လေးကို ကြည့်ကာ သက်ပြင်းချပြီး တိုးတိုးလေး ရေရွတ်လိုက်သည် ။

"လမ်းဘေးက သူတောင်းစားတောင် ငါ့ထက်ချမ်းသာ အုံးမယ် အခုလို အကျိုးမပေးမှန်းသိရင် သောက်ကျိုးနည်း ပန်းချီကြီးကို ပင်ပင်ပန်းပန်းမသင် ခဲ့ပါဘူးကွာ.."

SUGAR BABY &lt;Complete&gt;Where stories live. Discover now