<11>🍭

1.1K 162 8
                                    

(Unicode)

Jimin လဲ Yoongi နဲ့ သူ့ရဲ့ အကြောင်းစုံကို Taehyung နဲ့ Jungkook တို့နှစ်ယောက်အား သေသေချာချာ ရှင်းပြလိုက်သည် ။

"ဒါဆို မင်းတို့က ဒီတိုင်း sex partner ပဲပေါ့..Jimin မင်းဘာလို့ မချစ်တဲ့လူတစ်ယောက်နဲ့ အဲ့လိုလုပ်နိုင်ရတာလဲ"

Taehyung က အံ့ဩတကြီး ဆိုလာသည် ။ Jimin ဘာမှပြန်မပြောနိုင်ခင် Jungkook က ကြားဖြတ်ပြောလိုက်သည် ။

"သူချစ်ရင် ချစ်နေမှာပေါ့ ပြောလို့မရဘူးလေ Tae ရဲ့"

"အာ..မင်း သူ့ကိုချစ်နေပြီလား"

"ငါမသိဘူး"

Jimin က အပြတ်မငြင်းဘဲ ဘူးခံတာကြောင့် ဟိုနှစ်ယောက်ရဲ့သံသယစိတ်တွေ ပိုကြီးထွားလာသည် ။

"ငါပြန်တော့မယ်"

"မင်းကလဲ အခုမှရောက်တာ နေပါအုံးလား"

"သူပြန်လာတော့မယ် သင်တန်းက"

Taehyung တစ်ယောက် ချက်ချင်းထထွက်သွားသော Jimin ရဲ့ ကျောပြင်ကိုငေးရင်း Jungkook အား မေးလိုက်သည် ။

"သူ အဲ့တစ်ယောက်ကို ချစ်မိနေပြီလို့ မင်းထင်လား"

"အသိသာကြီးပဲကို"

Jimin ထွက်သွားတော့ Jungkook တစ်ယောက် Taehyung ခါးကို ဖက်လိုက်ပြီး မျက်နှာလေးကို သူ့နှာခေါင်းနဲ့ ပွတ်သီးပွတ်သတ် လုပ်လာသည် ။

"Tae.."

"အင်း"

"Jimin လဲ ပြန်သွားပြီ ဆိုတော့ ကိုယ်တို့ လုပ်ငန်းပြန်စကြမလား"

ထိုအခါမှ Taehyung တစ်ယောက် Jimin ရှေ့မှာ လက်ပူးလက်ကြပ်မိသွားတဲ့ အကြောင်းကို ပြန်သတိရပြီးမျက်နှာကြီး နီရဲလာလေသည် ။

"မင်းမေကြီးတော်ကို လုပ်ငန်းသွားစလိုက်"

ရှက်ရမ်းရမ်းပြီး ထွက်ပြေးသွားတဲ့ Taehyung ပေါက်လေးကိုကြည့်ပြီး Jungkook အသဲယားလွန်းလို့ ငုံသာထားလိုက် ချင်မိသည် ။

✧✧ ✧✧ ✧✧ ✧✧ ✧✧

တစ်ရက်မှာ Yoongi တစ်ယောက် သင်တန်းကလဲ မရှိ Jimin ကလဲ သူ့မိဘတွေဆီ အလည်သွား နေတာမလို့ အိမ်မှာ တစ်ယောက်ထဲ အထီးကျန်ဆန်နေလေသည် ။

SUGAR BABY &lt;Complete&gt;Where stories live. Discover now