<16>🍭

934 157 21
                                    

(Unicode)

(A/N သုံးပိုင်း up တာ အရှေ့မှာ နှစ်ပိုင်း)

ဆေးရုံထဲ ပြန်မဝင်ခင် အပြင်ကနေ စားစရာ နည်းနည်း ဝယ်လာလိုက်သည် ။ အထဲရောက်တော့ Yoongi က ဆူဆူပုတ်ပုတ်နဲ့ ပြောလာသည် ။

"ဘယ်တွေလျှောက်သွားနေတာလဲ..ကိုယ်စောင့်နေတာ ကြာလှပြီ"

"ကိစ္စလေးရှိလို့ပါ...ဗိုက်ဆာနေပြီလား"

"အူတောင်လှိမ့်နေပြီ"

Jimin သူ ဝယ်လာတဲ့ အစားအစာတွေကို Min Yoongi ရှေ့မှာ ခင်းကျင်းလိုက်သည် ။

"မင်းက ကိုယ့်ကို အနံ့ပဲ ရှူခိုင်းမလို့လား"

အဲ့တော့မှ Yoongi ရဲ့ ညာဘက်လက်ကို သတိရတော့သည် ။

"ကျွန်တော် ခွံ့ကျွေးပါ့မယ်"

Yoongi က Jimin ခွံ့ကျွေးတာကို စားရင်း ပြုံးရွှင်
နေသည် ။ သို့သော် Jimin ကတော့ Yoongi ပန်းချီမဆွဲနိုင်တာကို တွေးရင်း စိတ်မကောင်းဖြစ်နေမိသည် ။

"ဘယ်လိုလုပ်မလဲ ပန်းချီဆွဲဖို့ကို"

"ပြန်ကောင်းတဲ့ထိ စောင့်ရမှာပေါ့..ကိစ္စမရှိပါဘူး"

Yoongi က ခပ်ပြုံးပြုံးပဲ ပြန်ဖြေသည် ။
Jimin သူ့ကိစ္စတွေကို Yoongi ကို ပြန်မပြောဖြစ်ပေ ။ တရားခံတွေကို လိုက်ရှာနေတုန်းလို့သာ ပြောထားသည် ။

သုံးလေးရက်ကြာတဲ့အခါ Yoongi ဆေးရုံက ပြန်ဆင်းလာသည် ။ လက်ပြန်ကောင်းဖို့က အချိန်လိုသေးတာ မလို့ အလုပ်တွေကိုတော့ အကုန်နားထားရသည် ။ လက်တစ်ဖက် မလှုပ်ရတာကလွဲရင် ကျန်တာအားလုံး အဆင်ပြေပါတယ် ။

မနက်ဖြန်ဆို သူနဲ့ Jiyoon နဲ့ စေ့စပ်ရတော့မှာ ဖြစ်သည် ။ ပြီးရင်လဲ US ကို သွားရတော့မယ် ။ ဒါကြောင့် Jimin သူလုပ်စရာရှိတာလုပ်ဖို့ ဆုံးဖြတ်လိုက်တယ် ။

Yoongi က ဧည့်ခန်းမှာ ထိုင်ပြီး ဖုန်းသုံးနေသည် ။ ဒီရက်ပိုင်းမှာ သူ့ဖုန်းကို လက်ကနေတောင်မချရချေ ။ သူ့ရဲ့ သတင်းကိုကြားပြီးတဲ့နောက် အထူးသဖြင့် တပည့်မလေးတွေက ဆက်တိုက် ဖုန်းတွေဆက် စာတွေပို့ပြီး သတင်းတွေမေးကြသည် ။ တချို့ဆို အိမ်ထိလိုက်လာမယ် ပြောတာကြောင့် Yoongi ခမျာ မနည်း နားချထားရသည် ။

SUGAR BABY &lt;Complete&gt;Where stories live. Discover now