<17>🍭

861 145 8
                                    

(Unicode)

Four Years Later ~

နွေးထွေးတဲ့ နေရောင်ခြည်ကာ လိုက်ကာကြားကနေ တဆင့် Yoongi ရဲ့ နူးညံ့လှပတဲ့ မျက်နှာထက်ကို ဖြာကျလျက်ရှိသည် ။ ‌အိပ်ယာဘေးက တဂွမ်ဂွမ် မြည်နေတဲ့ နှိုးစက်ကိုပိတ်လိုက်ပြီးလျှင် အိစက်နေတဲ့ မွေ့ယာပေါ်က ကုန်းရုန်းထလိုက်သည် ။

ခပ်သွက်သွက် ရေမိုးချိုးအဝတ်အစားလဲပြီးတဲ့နောက်မှာ အလုပ်သွားရန် အိမ်ပြင်သို့ ထွက်လာလိုက်သည် ။
အိမ်ရှေ့မှ အဆင်သင့်စောင့်နေပြီ ဖြစ်သော ကားထဲကို ဝင်ထိုင်လိုက်တော့ Do Woo က ပြောလာသည် ။

"ဒီနေ့ ငါးမိနစ်စောတယ်"

"မင်း နေတိုင်း အချိန်တွေလိုက်မှတ်ပြီး ဘာလုပ်မလို့လဲ"

"ဟီးဟီး ဘာမှ မလုပ်ပါဘူး ပျင်းလို့"
Do woo တစ်ယောက် ကားစက်နှိုးပြီး စထွက်တော့တယ် ။

"လေလံရုံကို ပန်းချီကား ပို့ပြီးပြီလား"

"ပို့ပြီးပြီ...ဒီတစ်ခါ လေလံပွဲက တကယ့်ကို ပွဲကြီးပွဲကောင်းပဲ..တစ်နိုင်ငံလုံးက နာမည်အကြီးဆုံး ပန်းချီဆရာဆယ်ယောက်ရဲ့ အမိုက်ဆုံး ပန်းချီကားတွေကို ရောင်းမှာဆိုတော့လေ... Hyung စိတ်မလှုပ်ရှားဘူးလား"

"ဘာစိတ်လှုပ်ရှားစရာ ရှိလို့လဲ"

"ဟာ.. Hyung ကလဲ..ဒီလေလံပွဲမှာ ဘယ် artist ရဲ့ ပန်းချီကားက လူတွေမျက်စိအကျဆုံးဖြစ်ပြီး ဈေးအများဆုံး အခေါ်ခံရမယ်ထင်လဲ? အဲ့တာ စိတ်လှုပ်ရှားစရာပေါ့...ကျွန်တော်ကတော့ Hyung ဘက်ကပဲနော် သိတယ်မလား"

Min Yoongi သဘောကျစွာ ရယ်လိုက်သည် ။

မနက်ဖြန် ဆိုလ်းမြို့က နာမည်အကြီးဆုံး K-auction ဆိုတဲ့ လေလံရုံကြီးမှာ ကျင်းပပြုလုပ်မယ့် ပန်းချီလေလံပွဲကြီးဟာ တကယ့်ကို လူအများကြားမှာ ပွက်လောရိုက်နေခဲ့သည် ။ လေလံပွဲမှာ ပါဝင်ရောင်းချမယ့် ပန်းချီဆရာ ဆယ်ယောက်ကတော့ တစ်နိုင်ငံလုံးမှာ ရေပန်းစားနေတဲ့ နာမည်အကြီးဆုံး ပန်းချီဆရာ‌တွေပဲ ဖြစ်သည် ။ ထိုသို့သော လေလံပွဲမျိုးဟာ ငါးနှစ်မှာ တစ်ကြိမ်သာ ကျင်းပတာ ဖြစ်ပြီး လူအများရဲ့ အာရုံစိုက်ခြင်းကို ခံရသည် ။

SUGAR BABY &lt;Complete&gt;Where stories live. Discover now