<19>🍭

1.1K 157 25
                                    

(Unicode) ⚠️

Yoongi တစ်ယောက် ဂုဏ်ပြုညစာ စားပွဲကနေ အရင်ဆုံး ထွက်လာလိုက်သည် ။ Miyoung က ခနလောက်ထပ်ပြီး နေရန် တားသော်လည်း နောက်ဆုံးမှာတော့ မတတ်နိုင်ဘဲ လွှတ်ပေးလိုက်ရတော့သည် ။

သို့သော် Yoongi က အိမ်ကို ပြန်တာတော့မဟုတ်ဘဲ အခြားနေရာကို ထွက်လာတာ ဖြစ်သည် ။ အဲနေရာကတော့ Park Jimin ရဲ့ အိမ်ပင် ။

သွားသင့် မသွားသင့် လွန်ဆွဲနေပြီးတဲ့ နောက်မှာ မနေနိုင်တော့ဘဲ သွားဖို့ ဆုံးဖြတ်လိုက်တော့သည် ။

သို့သော် သူက ဒီလိုညအချိန်မတော်ကြီးမှာ သွားပြီ ဘာလုပ်ရမှာလဲ ။ ပြီးတော့ သောက်လဲ သောက်ထားသေးတယ်လေ ။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အရင်လိုမှ မဟုတ်တော့တာ ။ သူကလဲ မကြာခင် လက်ထပ်တော့မှာ မဟုတ်ဘူးလား ။

Yoongi အိမ်ရှေ့မှာ အချိန်အကြာကြီး ရပ်နေမိသည် ။ နောက်ဆုံးမှာတော့ သောက်ထားတဲ့အရှိန်ကြောင့်လား မသိ သူ့စိတ်ထဲရှိတဲ့အတိုင်း တဇွတ်ထိုး လုပ်ပစ်လိုက်သည် ။ ရလဒ်ကတော့ ဘဲလ်ကို တီးမိလိုက်တာပင် ။

Min Yoongi ကတော့ ဘဲလ်တီးဖို့ကို ရွေးချယ်လိုက်ပြီးပြီ ။ Park Jimin ကရော တံခါးဖွင့်ပေးမှာလား မဖွင့်ပေးဘူးလား။

အဖြေကတော့ ရှင်းပါတယ် ၊ Park Jimin ကလဲ သောက်ထားတာဆိုတော့ သူစိတ်ရှိတဲ့အတိုင်းပဲ တဇွတ်ထိုး လုပ်မှာပေါ့ ။ သူတံခါးကို ဖွင့်ပေးလိုက်ပါသည် ။

နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီးတဲ့နောက်မှ လေထုက အေးစက်သွားသည် ။ တစ်ယောက်မှ စကားစမဆိုမိ ။

ဒီကသိကအောက်ဖြစ်စရာ အခြေအနေကို Jimin သည်းမခံနိုင်တော့တာကြောင့် ဖြေရှင်းဖို့ အလွယ်နည်းလမ်းကို သုံးလိုက်ရတော့သည် ။

"အဟမ်း..ခင်ဗျားသောက်လာတာမလား...သောက်လက်စနဲ့ ကျွန်တော်နဲ့အတူ ထပ်ဝင်သောက်သွားပါလား"

"အမ်!"

Yoongi က သူ့ကို ကြောင်တောင်တောင်လေး ကြည့်လာသည် ။ သူက ဘာဖြစ်လို့ သောက်နေတာလဲ ?

သို့သော်လည်း Jimin ပိုအနေရခက်သွားမှာ စိုးတာကြောင့် သူမငြင်းဘဲ အလိုက်သိလေး ခေါင်းညိမ့်လိုက်တော့သည် ။

SUGAR BABY &lt;Complete&gt;Where stories live. Discover now