<3>🍭

1.5K 193 28
                                    

(Unicode)

ညကပင်ပန်းထားတဲ့ အရှိန်ကြောင့် မနက် Jimin နိုးတော့ ဆယ်နာရီတောင် ထိုးနေလေပြီ ။ အောက်ပိုင်းက ကျိမ်းစပ်မှုကြောင့် ဂရုစိုက်ကာ ဖြည်းဖြည်းချင်း ထရသည် ။ ညကအကြောင်းကို ပြန်တွေးကြည့်တော့ နည်းနည်းရှက်မိသား။

သူနဲ့အတူ ချစ်ရည်လူးခဲ့တဲ့ ထိုလူတော့ ရှိမနေတော့ ။ သူ့ကိုပေးထားတဲ့ ပိုက်ဆံယူပြီး လစ်ပြေးပြီ ထင်ပါရဲ့ ။ 

အခုကိုယ့်အကြိုက်ကို သိပြီဆိုပေမယ့် သူနဲ့ပတ်သတ်စရာ အကြောင်းမှ မရှိတော့တာ ။ ကိုယ့်ကိုကိုယ် စမ်းသပ်ဖို့ အသုံးချခဲ့ရုံပဲမဟုတ်လား ။

Jimin လဲ ပေပွနေတဲ့ အိပ်ယာနဲ့ သူ့ကိုကိုယ် သန့်ရှင်းရေးလုပ်ပြီး အိမ်က ထွက်လာခဲ့လိုက်သည် ။ လက်ရှိ Jimin နေနေတဲ့ အိမ်ဟာ သူအသက် 20 ပြည့်တုန်းက မိဘတွေဆီက မွေးနေ့လက်ဆောင် ရထားခြင်းဖြစ်သည် ။ သူစီးနေတဲ့ ကားမှာလဲ ထိုနည်းတူစွာ ။

ထို့ကြောင့် ပိတ်ရက်တိုင်းမှာ မိဘအိမ်ကို အလည်သွားလေ့ရှိသည် ။

ဟိုရောက်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ Appa နဲ့ Omma အပြင် jiyoon ကိုပါ တွေ့လိုက်တာ ကြောင့် Jimin မျက်မှောင်ကြုတ်လိုက်သည် ။

*ဒီကောင်မက ငါလာမယ့်အချိန်တွေ ကြိုသိနေတာများလား မသိဘူး စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ*

"ဟာ..oppa ရောက်လာတာနဲ့ အတော်ပဲ"

သူ့ကို တွေ့တာနဲ့ ထိုင်ရမှာ ထလာပြီး လက်‌ကို အတင်းလာချိတ်တဲ့ Jiyoon ။ သူမက တခြားသူမဟုတ် ၊ Jimin Appa ရဲ့ သူငယ်ချင်း သမီးဖြစ်သည် ။

သူနဲ့ သူ့မိဘတွေကို တအားကပ်ပြီး စောက်ပိုလုပ်လွန်း တာကြောင့် Jimin အမြင်ကပ်ဆုံး မိန်းကလေး တစ်ယောက်လဲ ဖြစ်သည် ။

"Park Jimin..မင်းကိုယ်မင်း အလေလိုက်တာတွေ များနေပြီလို့ မထင်ဘူးလား"

အတူဝင်ထိုင်လိုက်ပြီးတာနဲ့ Appa ဆီက ထွက်လာတဲ့
ဆူငေါက်သံ ။

*ကျစ်*

"နေ့တိုင်း club သွားလိုက် ဘောဒါတွေနဲ့ ပျော်လိုက်ပါးလိုက်နဲ့ ..မင်းကို ဒီတိုင်းလွှတ်ထားလို့ မဖြစ်တော့ဘူး...Jiyoon နဲ့ အတူ ပညာတော်သင်လွှတ်ဖို့ အမြန်စီစဉ်မှရတော့မယ်"

SUGAR BABY &lt;Complete&gt;Where stories live. Discover now