<14> 🍭

917 137 3
                                    

(Unicode)

တစ်ရက်ပြီး တစ်ရက် အချိန်တွေဟာ တ‌ရွေ့ရွေ့နဲ့ ကုန်ဆုံးလာခဲ့တယ် ။ Yoongi က အလုပ်အင်မတန်
များလာတဲ့ အတွက်ကြောင့် Jimin နဲ့ အတူတူရှိနေချိန်တွေ တဖြည်းဖြည်းနည်းလာခဲ့တယ် ။ ပန်းချီသင်တန်း ပို့ချပေးတာ အပြင် လာအပ်တဲ့ ပန်းချီကားတွေကိုလဲ ဆွဲပေးရသေးသည် ။
ပင်ပန်းသလောက် ဝင်ငွေကလဲ အတော်လေး ကောင်းလာသည်။ Jimin က အမြဲ တစ်ယောက်တည်း ဖြစ်နေလို့ ပျင်းနေသော်လည်း Yoongi ကို နားလည်ပေးရှာပါသည် ။ အခုဆို တစ်ပတ်မှာ နှစ်ကြိမ်လောက်ပဲ အတူတူ အိပ်ဖြစ်တော့သည် ။

ဒီနေ့ Jimin တစ်ယောက်ထဲ အိမ်မှာရှိနေတုန်း Jiyoon ဆီက ဖုန်းဝင်လာသည် ။ Jiyoon က ဒီရက်ပိုင်း သူ့ကို အပူသိပ်မကပ်တော့ သူမ,ရှိမှန်းတောင် Jimin မေ့လုနီးပါး ဖြစ်နေပြီ။ Jimin လဲ တစ်ယောက်တည်း ပျင်းနေတာနဲ့ သူမ သွားချင်တာ စားချင်တာရှိရင် အသာတကြည် လိုက်ပို့ပေးပြီး အချိန်ဖြုန်းဖို့ဆုံးဖြတ်လိုက်သည် ။ သို့သော်-

"Oppa..အခု အိမ်ကို အမြန်လာခဲ့အုံး"

"Hm~ဘယ်အိမ်ကိုလဲ"

"ဘယ်အိမ်ရမှာလဲ oppa တို့ အိမ်ပေါ့ oppa ရဲ့ မိဘတွေလဲရှိနေတယ်"

"သူတို့က company မှာ ရှိနေရမှာ မဟုတ်ဖူးလား"

"ဟုတ်တာပေါ့..ဒါပေမယ့် အခု‌တော့ oppa ရှာထားတဲ့ ပြဿနာကို ရှင်းဖို့ ရောက်နေကြတာလေ"

"ငါရှာထားတဲ့ ပြဿနာ? Jiyoon...ရှင်းအောင် ပြောစမ်း!"

"ရောက်လာရင် သိလိမ့်မယ်"

တီ~တီ

"Jiyoon..hello..hello"

*တောက်စ်*

Jimin ဖုန်းကို ဆိုဖာပေါ် ပစ်ချလိုက်ပြီး သူ့ဆံပင်တွေကို ဆွဲဖွလိုက်သည် ။ ‌

သူဘာပြဿနာမှ မရှာထားလို့ စိတ်မပူသော်လည်း ပညာတော်သင်သွားဖို့ နားပူနာဆာလုပ်မှာတော့ စိုးသည် ။ ဒါဆိုရင် သူ အချိန်ထပ်ဆွဲဖို့ အကြောင်းပြရအုံးမယ် ။ အချိန်ကလဲ သိပ်အကြာကြီးဆွဲလို့မကောင်းမှန်း သူသိပါသည်။ သူက ဘာတစ်ခုမှ မလုပ်ဘဲ ထိုင်နေလို့မှမရတာ ။ အချိန်တန်ရင် မိဘတွေရဲ့ လုပ်ငန်းကို လက်လွှဲယူရမည်လေ ။
သို့သော်လည်း ဘာကြောင့်မှန်းမသိ ဒီမြေကနေ
မထွက်ခွာချင်သေးပေ ။

SUGAR BABY &lt;Complete&gt;Where stories live. Discover now