<18>🍭

931 139 17
                                    

(Unicode)

Yoongi လေလံခန်းမက ထွက်လာတဲ့အခါ သတင်းထောက်တွေနဲ့ ကင်မရာမန်းတွေ စုအုံပြီး ရောက်ရှိလာသည် ။ တစ်ယောက်နဲ့ တစ်ယောက် တိုးကြိတ်နေကြပြီး ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ရင်း တစ်ယောက်တစ်ပေါက် မေးနေကြတာကြောင့် Yoongi ဘာတစ်ခုမှ ကောင်းကောင်းမကြားရချေ ။

ထို့ကြောင့် သူတို့ဘာအတွက်စုအုံမှန်းလဲမသိ ၊သူတို့မေးခွန်းတွေကိုလဲ ပြန်မဖြေနိုင်ဘဲ လူအုပ်ထဲက ထွက်လို့ရအောင်သာ ကြိုးစားနေမိသည် ။

ကံကောင်းထောက်မစွာ အချိန်ကိုက် Do Woo က ရောက်လာတော့သည် ။ သူက လူအုပ်ကြားထဲက Yoongi ကို အမြန်ခေါ်ထုတ်သွားပေသည် ။ ထိုလူအုပ်ကြီးက ဆက်လိုက်ချင်သော်လည်း လုံခြုံရေးတွေဆီမှာ တားဆီးခံလိုက်ရသည် ။

"Yoongi Hyung...အရမ်းမိုက်တယ်ဗျာ"

"အဲ့ လူအုပ်ကြီးက ဘာအတွက်ရောက်လာကြတာလဲ ငါ့ပန်းချီကားက ဆယ်ယောက်ထဲမှာ ‌ဈေးအများဆုံးရလို့လား"

"အဲ့တာထက် ပိုတယ်ဗျ"

Do Woo ကြည့်ရတာ အတော်ကို စိတ်လှုပ်ရှားနေပုံရသည် ။

"ဟမ်..ဘာပိုတာလဲ"

"Hyung ရဲ့ ပန်းချီကားက ဒီပန်းချီလေလံပွဲ သမိုင်းတလျှောက်မှာ ဈေးအများဆုံးအဖြစ် စံချိန်တင်သွားပြီ"

"ဒုတိယ အများဆုံးက ဘယ်လောက်မလို့လဲ"

"ဒုတိယ အများဆုံးက လွန်ခဲ့တဲ့ ငါးနှစ်က လေလံပွဲမှာ ဝမ်သိန်းနှစ်ထောင်နဲ့ စံချိန်တင်ခဲ့တာ...အခု Hyung က အဲ့စံချိန်ကို ချိုးသွားပြီ"

"အော်"

Yoongi စိတ်ထဲမှာတွေးမိလိုက်သည် ။

*Miyoung က သူ့ကို တမင်မြှောက်ပင့်နေတာ မဟုတ်ဘူးပဲ*

"တုံ့ပြန်တာက 'အော်'တစ်လုံးပဲလား ဒီလောက် ကြီးကျယ်တဲ့ ကိစ္စကို" Do Woo က စူပုတ်ပုတ်လေး ပြောလာသည် ။

"....."

"ကဲ ထားပါတော့...အဲဒါနဲ့ပဲ အဲ့သတင်းကို ကြားကြားချင်း သတင်းထောက်တွေ စုပြုံရောက်လာကြတော့တာပဲ"

"သတင်းက အဲ့လောက်တောင် မြန်တာလား"

"ဒါပေါ့..သူဌေးကလဲ Hyung ကို ဂုဏ်ပြုတဲ့အ‌နေနဲ့ ပြတိုက်က ဝန်ထမ်းတွေအကုန်လုံးနဲ့အတူ ဒီနေ့ည တစ်ဝိုင်းတည်မယ်တဲ့"

SUGAR BABY &lt;Complete&gt;Where stories live. Discover now