<9>🍭

1.1K 159 18
                                    

(Unicode)

Jimin တို့ကားလေးဟာ တရွေ့ရွေ့နဲ့ အိမ်ပြန်ရောက်လာခဲ့သည် ။

အရင်က သင်တန်းကို လိုက်ပို့တဲ့ လမ်းတစ်လျှောက်လုံး
ပေါက်ကရလေးဆယ်တွေ ပေါက်ပေါက်ဖောက် နေတတ်တဲ့ Min Yoongi ဟာ အခုကျတော့ တစ်လမ်းလုံး အသံတိတ်ပြီးတစ်ခုခုကို ကြိတ်စဉ်းစားနေသယောင် ။

နောက်ဆုံးတော့ မနေနိုင်စွာ ဖွင့်ဟမေးလာသည် ။

"မင်းက ဘယ်လိုလမ်းကြုံလာတာလဲ"

ဟုတ်ပါသည် ။ Min Yoongi တစ်လမ်းလုံး စဉ်းစားလာသည်မှာ ဤကိစ္စပင် ၊ Jimin ရဲ့ လမ်းကြုံလို့ ဆိုတဲ့ အဖြေကို ဘာဖြစ်မှန်းမသိ မယုံချင်ခဲ့ပါ ။ သူ့ကို Jimin က တမင်သက်သက်ကို လာကြိုတာပါဟူ၍ ရူးမိုက်စွာ မျှော်လင့်နေမိသေး ပါသည် ။ ထို့ကြောင့် သေချာအောင် အတည်ပြုရန် လိုအပ်ပေးသည် ။

"သူငယ်ချင်းတွေနဲ့ သွားတွေ့ရင်း"

"ဘယ်မှာတွေ့တာလဲ...သူငယ်ချင်းတွေနဲ့က"

"စကားများလိုက်တာ Min Yoongi...ကျွန်တော် ဗိုက်ဆာနေပြီ"

ပြောပြီးတာနဲ့ Jimin ကားပေါ်က အရင်ဆင်းသွား လိုက်သည်။ Yoongi လဲ နောက်က ဆင်းလိုက် လာရင်း

"မင်း သူငယ်ချင်းတွေနဲ့ တွေ့ပြီး အပြင်မှာ မစားလာဘူးလား"

"အင်း"

"ဘာလို့လဲ"

"စားချင်စိတ်မရှိလို့လေ"

"ဒါဆို ငါချက်ကျွေးတာကျ စားချင်စိတ်ရှိတယ်ပေါ့"

Jimin ဘယ်လိုပြန်ဖြေရမှန်းမသိ မျက်နှာလေး ထူပူသွားပြီး လှည့်ထွက်သွားတော့သည် ။ Yoongi ကတော့ သဘောကျစွာ ရယ်ရင်း မီးဖိုချောင်ထဲ ဝင်ရတော့သည်။

နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် စားသောက်ပြီးတဲ့ နောက်မှာYoongi က ဧည့်ခန်းမှာထိုင်ရင်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေသည် ။ Jimin ကတော့ ဘေးမှာထိုင်ရင်း အအေးခွက်ကို ဇိမ်ခံသောက် နေလေသည် ။

"ခင်ဗျား..ပန်းချီသင်တန်းကအဆင်ပြေရဲ့လား
..လိုအပ်တာတွေ ဘာ‌တွေရှိရင်ပြောလေ"

"လိုအပ်တာတော့ မရှိပါဘူး...အချိန်တော့ ထပ်တိုးရမယ်ထင်တယ်"

SUGAR BABY &lt;Complete&gt;Where stories live. Discover now