<6>🍭

1.5K 174 40
                                    

(Unicode)

Jimin တစ်ယောက် အရက်လေးသောက်ရင်း Miyoung နဲ့ စကားစမြည်ပြောရင်း ရုတ်တရက် ပူအိုက်ပြီး ချွေးတွေပြန်လာသည် ။

"Jimin..အိုက်နေလို့လား..ဒီထဲမှာ အဲ့လောက်လဲ မဟုတ်ပါဘူး"

Miyoung တစ်ရူး တစ်ရွက်ထုတ်ပြီး Jimin ရဲ့ ချွေးတွေကို သုတ်ပေးလိုက်သည် ။ သို့သော် ချွေးမတိတ်တဲ့အပြင် ခန္ဓကိုယ်လေးပါ တုန်ယင်လာသည် ။

"Jimin..အဆင်ပြေရဲ့လား"

"....."

"မဟုတ်မှ ရှင်ဆေးမိနေတာလား"

Miyoung ရဲ့ နှုတ်ခမ်းမှာ အပြုံးတစ်ခု တွဲခိုသွားသည် ။

"ငါ..."

"ဘယ်လိုလဲ ကျွန်မကူညီပေးရမလား"

Miyoung Jimin ရဲ့ ပေါင်တွေကို လက်ဖြင့်ပွတ်သတ်နေ လိုက်သည်။

Jimin ကတော့ Miyoung ရဲ့ သေးသေး သွယ်သွယ် လက်တွေအစား ဖြူဖွေးဥပြီး အစိမ်းရောင် သွေးကြောတွေပြိုင်းပြိုင်းထနေတဲ့ လက်တစ်စုံကိုသာ တောင်းတနေမိသည် ။

Miyoung လို မိန်းမလှလေးတစ်ယောက်ရဲ့ ပြုစုယုယမှုတွေအစား ရိုက်သတ်ချင်လောက်အောင် သောက်မြင်ကပ်စရာ စကားတွေပြောသော်လည်း လူကိုကျေနပ်အောင် ပြုစုပေးနိုင်တဲ့ ထိုလူကိုပဲ တောင်းတနေမိသည်။

မသိစိတ်ရဲ့ တိုက်တွန်းမှုကြောင့် အနီးအနားမှာ ထိုလူများရှိနေမလားဟု club အတွင်းဝေ့ဝိုက် ကြည့်လိုက်သည် ။ သို့သော် ဆုတောင်းတွေ မပြည့်ပါချေ ။ ထို့ကြောင့် ဒေါသတွေ
အားလုံးကို Miyoung ဆီ ပုံချလိုက်သည် ။

*ခလွမ်*

"ဖယ်စမ်း ငါ့အသားကို မထိနဲ့"

Jimin တစ်ယောက် သူ့ပေါင်ပေါ်က Miyoung ရဲ့ လက်တွေကို ပုတ်ထုတ်လိုက်တာ‌ကြောင့် စားပွဲပေါ်က ဖန်ခွက်နဲ့ တိုက်မိပြီး ကျကွဲသွားလေသည် ။

ထို့နောက် Jimin ထရပ်ပြီး Miyoung ကို နီရဲနေတဲ့ မျက်လုံးများဖြင့် ကြည့်လိုက်သည် ။

"မင်းက ငါ့ကို ဆေးခတ်ရဲတာလား...အရှက်မရှိလိုက်တာ"

"ကျွန်မ..."

ကူညီဖို့ ကြိုးစားတာကို အသိအမှတ်မပြုခံရသည့်အပြင် လူတွေအများကြီးကြားထဲ စွပ်စွဲခံလိုက်ရတဲ့ Miyoung တစ်ယောက် အလွန်ရှက်သွားပြီး ဘာမှပြောမထွက်တော့ပေ ။

SUGAR BABY &lt;Complete&gt;Where stories live. Discover now