<21> Final 🍭

1.4K 149 17
                                    

(Unicode)

Jimin 'Gang Arty' ပန်းချီပြတိုက်က ပြန်လာတော့ သူ့ Omma ဆီက ဖုန်းဝင်လာသည် ။ သူမက company ကို ခနလောက်လာခဲ့ဖို့ ပြောသည် ။

Jimin ကတော့ သူတို့ရဲ့ အထူးသဖြင့် သူ့ Appa ရဲ့ ဆုံးမဩဝါဒတွေ နားပူအောင် ကြားရတော့မည်ဆိုတာ သိလိုက်သည် ။ သူ လေလံပွဲကို သွားခဲ့တယ်ဆိုတာ အခုဆို သူတို့လဲ သိနေလောက်ရောပေါ့။

Jimin ရောက်လာတော့ Omma ဖြစ်သူက ဝမ်းသာအားရ ပြေးဖက်သည် ။

"သားရယ် ပြန်ရောက်လာတာကို လာတောင်မတွေ့ဘူး"

"သားတောင်းပန်ပါတယ်...သားမှာ ကိစ္စလေးတချို့ရှိလို့ပါ"

အဲဒီအချိန်မှာ Mr.park က လေသံမာမာနဲ့ ဝင်ပြောလာသည်။

"ဘာကိစ္စလဲ လေလံပွဲက အမှိုက်တွေအတွက် ပိုက်ဆံ သွားဖြုန်းလာတဲ့ ကိစ္စလား"

"Appa!"

"လက်ထပ်ပွဲ ဖျက်သိမ်းလိုက်ပြီဆိုတာနဲ့ မင်းဟာမင်း လွတ်လွတ်လပ်လပ်နေပြီး လုပ်ချင်တာလုပ်လို့ ရပြီထင်နေတာလား"

"ဘာလို့မရရမှာလဲ"

"Park Jimin!!!...မင်းကို ငါဘာပြောခဲ့လဲ...မင်းရဲ့ အနာဂတ်ကို ငါပဲဆုံးဖြတ်မယ်လို့ မပြောခဲ့ဘူးလား"

"အဟက်..Appa က ဘာမလို့ သားရဲ့ အနာဂတ်ကို ဆုံးဖြတ်ချင်ရတာလဲ..သားမှာ သားချစ်ချင်တဲ့လူကို ချစ်ပိုင်ခွင့် အပြည့်အဝရှိတယ်"

Jimin ရဲ့ စကားလုံးတွေက Mr.park ကို ဒေါသအလိပ်လိုက် ထွက်စေသွားတယ် ။

"မင်း!..မင်းကယောက်ျားလေးလေ..တခြားယောက်ျားလေးတစ်ယောက်ကို ချစ်လို့မရဘူး"

"ဘာကြောင့် မရရတာလဲ"

"ဘာလို့လဲဆိုတော့ မင်းက ငါတို့မိသားစုအတွက် အမွေဆက်ခံသူ‌ရအောင် စွမ်းဆောင်ပေးရမှာလေ..
ပြီးတော့ ဒီကိစ္စကိုသာ တခြားသူတွေသိသွားကြည့် ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာ..."

Jimin က စကားကို ဖြတ်ပြောလိုက်သည် ။

"ကျစ်..တစ်ခါလာလဲ ဒီအမွေဆက်ခံသူ တစ်ခါလာလဲ ဒီဂုဏ်သိက္ခာ..အဲ့တာတွေက သားရဲ့ပျော်ရွှင်မှူထက်ကို အရေးကြီးနေတာလား"

SUGAR BABY &lt;Complete&gt;Where stories live. Discover now