<2>🍭

1.8K 220 29
                                    

(Unicode)

အရက်သောက်ပြီး ယိုင်ထိုးယိုင်ထိုးနှင့် ပြန်အလာ လမ်းမှာ လူတစ်စုနှင့် ဝင်တိုက်မိသည် ။

"ကျစ်..ငါ့ကို ဘယ်ကောင်တွေ ဝင်တိုက်တာလဲ.. လူတစ်ယောက်လုံး လာနေတာကို မမြင်ဖူးလား"

အဖြေပြန်မလာတာမို့ ခေါင်းကိုမနဲထောင်ကြည့်လိုက်ရာ မျက်နှာပေါ်ကျရောက်လာတဲ့ ပြင်းထန်တဲ့ လက်သီး တစ်ချက်ကြောင့် ကြယ်တွေ မြင်တွေ့လိုက်ရသည့် အလား။

လူက ရုတ်တရက်ထူပူသွားပြီး အနောက်ကို ခြေသုံးလှမ်းလောက် လွင့်သွားသည် ။

"ကောင်းပြီလေ ငါ့နဲ့တပွဲလောက် နွှဲချင်တယ်ပေါ့"

"မူးနေရင် ကိုယ့်လမ်းကိုသွားလေ သေချင်လို့ ရန်လာစ
နေတာလား"

"မင်းတို့အရင် စထိုးတာ မဟုတ်ဘူးလား"

Yoongi အားယူပြီး ပြန်ထိုးရန် ရွယ်လိုက်သည် ။
တစ်ချက်..
နှစ်ချက်..
သုံးချက်..

တစ်ယောက်ထဲ ချာလပတ်လည်ပြီး လေကို ထိုးနေသော Yoongi အား ထိုလူတွေထဲမှ လူတစ်ယောက်က စိတ်မရှည်တော့ဟန်ဖြင့် ဂုတ်ကဆွဲလှည့်ကာ နောက်ထပ်လက်သီးတစ်ချက် ပစ်ကြွေးလိုက်သည် ။

ဒီတစ်ခါတော့ လမ်းပေါ်လွင့်သွားပြီး မောင်းလာသော ကားနှင့်ဝင်တိုက်မိသွားကာ လောကကြီးတစ်ခုလုံး အမှောင်အတိကျသွားတော့သည် ။

ပြန်သတိရလာတော့ ကိုယ့်ကိုကိုယ် ဘယ်‌နေရာရောက် နေမှန်းမသိ ။ ဘာဆို ဘာမှလဲ မမှတ်မိတော့ပေ ။

အရက်သောက်ထားတဲ့အရှိန်ကြောင့် ခေါင်းမတရား ကိုက်နေပြီး လှဲနေရာမှ မနည်းကြိုးစားထလိုက်ရသည် ။

ထိုအချိန်မြင်လိုက်ရတာက သူရှေ့မှာ ထိုင်နေတဲ့ ကောင်လေးတစ်ယောက် ။ သက်တံ့‌ရောင်ဆံပင်ကို နောက်သို့ရှင်းနေအောင် လှန်တင်ထားတာကြောင့် မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို သေချာမြင်ရသည် ။

မထူမပါးတဲ့ မျက်ခုံးလေး ၊ လေးထောင့်ဆန်ဆန် မျက်လုံးကျဉ်းကျဉ်းလေးတစ်စုံ ၊ ဖြောင့်ဆင်းနေတဲ့ နှာတံလေးနဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကြောင့် အင်မတန်ကြည့်ကောင်းတဲ့ကောင်လေးတစ်ယောက် ဖြစ်ကြောင်း Yoongi မှတ်ချက်ချလိုက်သည် ။

SUGAR BABY &lt;Complete&gt;Where stories live. Discover now