<12>🍭

1K 136 11
                                    

(Unicode)

တစ်ရက် Min Yoongi ညနေပိုင်းသင်တန်းကနေ ညကိုးနာရီ ထိုးတဲ့အထိ အိမ်ပြန်ရောက်မလာပေ ။ Jimin သူ့ကို အာရုံမစိုက်ဖို့ ကြိုးစားသော်လည်း မရ ။

*Min Yoongi...ဘယ်တွေ အလေလိုက်နေလို့ အခုချိန်ထိပြန်မလာသေးတာလဲ* *အလုပ်ကြောင့် နောက်ကျမယ်ဆိုလဲ အသိလေး ဘာလေးပေးမှပေါ့ တကယ်ပဲ သူ့စိတ်ထဲမှာ ငါမရှိဘူးလား* *မဟုတ်မှ အပြန်လမ်းမှာ မတော်တဆ တစ်ခုခုဖြစ်လို့များလား* *တစ်ယောက်ယောက်ဆီက  ချောင်းရိုက်ခံရပြီး ပစ္စည်းလုတာခံနေရတာများလား* စသည်ဖြင့် အတွေးပေါင်း မြောက်များစွာ သူ့ဦးနှောက်ထဲမှာ ပတ်ပြေးနေလေသည် ။

နောက်မနေနိုင်တဲ့အဆုံး ကားယူပြီး လိုက်သွား ရတော့သည် ။

Yoongi ရဲ့ ပန်းချီသင်တန်းက အခုချိန်ထိ မီးလင်းနေသေးသည် ။ ထိုအခါမှ Jimin ရင်ထဲက အလုံးကြီး ဝှီးခနဲ ပြုတ်ကျသွားတော့သည် ။ ကားထဲမှာ အချိန်တစ်ခုလောက် စောင့်ပြီးတဲ့နောက်မှာ Yoongi ထွက်လာခဲ့သည် ။Yoongi Jimin ရဲ့ ကားကို မြင်တဲ့အခါ အံ့ဩသွားခြင်းမရှိဘဲ ပါးစပ်နားရွက် တက်ချိတ်သည်အထိ ပြုံးလိုက်ပြီး ကားပေါ်တက် လာသည် ။

"ဘာတွေလုပ်နေလို့ အဲ့လောက်နောက်ကျနေရတာလဲ"

"ကိုယ့်ကို စိတ်ပူလို့လား"

Jimin က မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်တာမလို့
Yoongi သဘောကျစွာ ရယ်လိုက်သည် ။

"Hahaha.."

Jimin က ဘာမှဆက်ပြောမလာဘဲ ကားကိုသာ အာရုံစိုက် မောင်းနေလိုက်သည် ။ Yoongi အစက နောက်လိုက်ပေမယ့် Jimin ကို သေသေချာချာ ရှင်းပြလာပါသည် ။ 

"ဟိုတနေ့က ကိုယ့်ကို လူတစ်ယောက်က ပန်းချီကားတစ်ကား လာအပ်တယ် ။ တစ်ပတ် အတွင်းအပြီးသတ်ပေးရမယ်တဲ့...ကိုယ့်လို နာမည်မရှိ‌တဲ့ ပန်းချီဆရာဆီမှာလဲ လာအပ်သေးတယ်
သူကမ်းလှမ်းတဲ့ငွေကလဲအများကြီး...ကိုယ်ဘယ်လိုလုပ်
ငြင်းလိုက်နိုင်မှာလဲ"

Jimin ကတော့ တိတ်တဆိတ်နားထောင်နေသည် ။ Yoongiက ဆက်ပြောလာသည် ။

"ဪ...ပြီးတော့ ကိုယ်ဟိုတစ်ခါက ပြောဖူးတဲ့
ကိုယ့် acc ထဲက ပန်းချီကားတွေကို လူသိများအောင် ဖြန့်ပေးတဲ့ တစ်ယောက်ကို မှတ်မိလား"

SUGAR BABY &lt;Complete&gt;Nơi câu chuyện tồn tại. Hãy khám phá bây giờ