<7>🍭

1.2K 169 3
                                    

(Unicode)

Yoongi Jimin အိမ်ကို ပြောင်းလာပြီး ပထမဆုံးရက် ။

Yoongi က နဂိုထဲက ဆင်းရဲတဲ့သူမလို့ ယူလာစရာ ပစ္စည်းများများစားစား မရှိပါချေ ။ သူအရင်ငှားနေတဲ့ အိမ်လေးကိုလဲပိုင်ရှင်ဆီ တစ်ခါထဲ ပြန်အပ်ခဲ့လိုက်သည် ။

သူ Jimin အိမ်ကိုရောက်တာ သုံးကြိမ်မြောက် ဆိုပေမယ့် သူရောက်ဖူးတာ ဧည့်ခန်းနဲ့ Jimin အိပ်ခန်းနှစ်ခုသာ ။ဒါ့ကြောင့် ကြီးကျယ်လှပလွန်းတဲ့ Jimin ရဲ့ အိမ်ကြီးကို စိတ်ကြိုက်လည်ပတ် ပြီးတဲ့နောက် မချီးကျူးပဲ မနေနိုင်တော့။

"ငါရောက်နေတာ အိမ်တစ်လုံးလား နန်းတော်ကြီးများလား"

"ဘယ်လိုလဲ သိပ်ကို ကြီးကျယ်ခမ်းနားတယ် မလား...ဂုဏ်ယူလိုက်ပါ Min Yoongi...ခင်ဗျားက ဒီအိမ်ကြီးရဲ့ ပထမဆုံး ဧည့်သည်ပဲ"

လက်ပိုက်ကာ နံရံမှာမှီပြီးရပ်နေတဲ့ Jimin ကို Yoongi လှည့်ကြည့်ပြီး တစ်ချက်ပြုံးလိုက်သည် ။

"သိပ်ကို ဂုဏ်ယူတာပေါ့ ကိုယ်က အရမ်းကံကောင်းတာပဲ"

Jimin လဲ ဂရုစိုက်မနေတော့ဘဲ သူ့အခန်းသူ ပြန်ရန်ပြင်လိုက်သည်။

"နေပါအုံး..ကိုယ်က ဘယ်အခန်းမှာနေရမှာလဲ..ဘေဘီရဲ့"

"ကျွန်တော့အခန်းကလွဲပြီး ကြိုက်တဲ့ အခန်းမှာနေလို့ရတယ်..ပြီးတော့ ပြောရအုံးမယ်..ကျွန်တော့်ကို အချိန်ပြည့် ဘေဘီ ဘေဘီနဲ့ ခေါ်စရာမလိုဘူး..ကျွန်တော့မှာ နာမည်ရှိတယ်..Park..Ji..Min"

Yoongi တစ်ယောက် ခပ်ဟဟရယ်လိုက်သည် ။

"အာ..ဟုတ်ပါပြီဗျာ..Jimin shi..အဲ..Jimin လို့ပဲ ရင်းရင်းနှီးနှီး ခေါ်မယ်နော်."

Jimin လဲ ဘာမှပြန်မပြောတော့ဘဲ "သဘောပဲ" ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး အခန်းထဲ ဝင်သွားလိုက်တယ် ။

Yoongi Jimin နဲ့ အနီးဆုံးအခန်းကို ရှာပြီး နေရာချလိုက်သည် ။ အခန်းက သူ့အရင်နေတဲ့ အိမ်ထက်တောင် ပိုကျယ်အုံးမည် ။ နှစ်ယောက်အိပ် ကုတင်ကြီး တစ်လုံး ။ ကုတင်ဘေးမှာ အံဆွဲတွေ အထပ်ထပ်နဲ့ မှန်တင်ခုံ တစ်ခုံ ။ အခန်းထောင့်မှာက အဝတ်အစားထည့်ရန် ဗီဒိုကြီးတစ်လုံး ။ ရေချိုးခန်းနဲ့ အိမ်သာကလဲတစ်ခါထဲ ပါပြီးသား ။ သိပ်ကို ပြည့်စုံပြီး လှပလွန်းပါသည် ။

SUGAR BABY &lt;Complete&gt;Where stories live. Discover now