<4>🍭

1.4K 160 5
                                    

(Unicode)

Jimin, Taehyung နဲ့ Jungkookတို့ သုံးယောက်မှာTaehyung တစ်ယောက်ထဲ မိဘတွေနဲ့ အတူနေပြီး ကျန်နှစ်ယောက်ကတော့ အိမ်ခွဲနေကြတယ် ။
Jimin က သူ့အိမ်ကို အလည်မခံတာကြောင့် အိမ်လည်တတ်တဲ့ Taehyung က jungkook အိမ်ပဲ ရောက်နေတတ်တယ် ။

"သူဘာပြောလဲ"

Taehyung ဖုန်းချပြီးတာနဲ့ ဘေးမှ jungkook ဆီက အသံထွက်လာသည် ။

"ဒီနေ့ မလာဖြစ်ဘူးတဲ့"

"Aww..."

"Jungkook...ငါ ဗိုက်ဆာတယ်"

"အဆင်သင့်တော့ စားစရာ မရှိဘူး မင်းစားချင်ရင် တစ်ခုခု လုပ်ပေးမယ်လေ ခနစောင့်"

"မဟုတ်ဘူး အဲ့တာတွေ မစားချင်ဘူး"

"အဲ့တာဆို ဘာစားချင်လဲ ပြောလေ"

"ငါစားချင်တာ ပဲခေါက်ဆွဲရယ် တော့ပိုကီ အစပ်ရယ် ရေညှိထမင်းလိပ်ရယ်"

"အဲ့တာ‌ဆို အပြင်မှာ သွားစားကြမယ်လေ"

"အပြင်မှာ မစားချင်ဘူး အိမ်မှာပဲ စားချင်တာ"

နှုတ်ခမ်းတထော်ထော်နဲ့ စိတ်တိုင်းမကျဖြစ်နေတဲ့ ကောင်လေးကို Jungkook စိတ်မတိုရက်ပါ ။

"ပြီးရော ငါလှမ်းမှာလိုက်မယ်"

Taehyung က မိန်းကလေးတွေရှေ့မှာသာ အိုက်တင်တစ်ခွဲသားနဲ့ ခပ်မိုက်မိုက်ဟန်ဆောင်နေတာ jungkook ရှေ့မှာတော့ ကလေးသာသာ ။

သူငယ်ချင်းပေါင်း ပေါင်းကြတယ်ဆိုပေမယ့် jungkook က Taehyung တို့ နှစ်ယောက်ထက် လပိုင်းငယ်သည် ။
ဒါကြောင့် ရွယ်တူဖြစ်တဲ့ jimin ကို Taehyung မနိုင်ပေမယ့် အငယ်ဖြစ်တဲ့ jungkook ကိုတော့ နိုင်သည် ။ ဟိုကလဲ တစ်ခွန်းဆို တစ်ခွန်း မျက်နှာ မငြိုးရအောင် အလိုလိုက်ပေးသည်ကို ။

ခနကြာတော့ မှာထားတဲ့ အစားအစာတွေ လာပို့ချေပြီ ။

"အေးကုန်တော့မယ် မစားသေးဘူးလား"

အစားအစာတွေ ရှေ့မှာချပြီး ဖုန်းထိုင်သုံးနေတဲ့ Taehyung ကို Jungkook မေးလိုက်သည် ။

"အင်း စားမယ် ခန"

ခနဆိုပြီး ဖုန်းကို လက်ကမချတော့တဲ့ Taehyung တစ်ယောက်ကို Jungkook စိတ်မရှည်ချင်တော့ပါ ။

SUGAR BABY &lt;Complete&gt;Where stories live. Discover now