<20>🍭

1K 141 21
                                    

(Unicode)

နှစ်ယောက်သား အိပ်ယာပေါ်မှာ မောဟိုက်စွာ လှဲလျောင်းရင်း မျက်နှာကြက်ကို စိုက်ကြည့်နေမိကြသည် ။

လေးနှစ်ကြာပြီးမှ ပြန်တွေ့တဲ့ ပထမဆုံးရက်မှာတင် ဘာအကြောင်းပြချက်မှ မရှိ အိပ်ယာပေါ် တက်လိုက်ကြသည် ။ အရက်က ဒီအတိုင်း အကြောင်းပြချက်တစ်ခုသာသာဆိုတာ သူတို့နှစ်ယောက်လုံး နားလည်ကြပါသည် ။

ခနကြာတော့ Yoongi ဘက်က စကားစလာသည် ။

"ဘယ်တုန်းက ပြန်ရောက်တာလဲ"

"ဒီနေ့ပဲ"

Yoongi အံ့ဩစွာ သူ့ကို ငေးကြည့်လာသည် ။ Jimin က Yoongi စိတ်ကို ဖတ်နိုင်သည့်အလား ဆက်ပြောလိုက်သည်။

"ခင်ဗျားတွေးနေတဲ့အတိုင်းပဲ တမင်တကာ လေလံပွဲကို အမှီပြန်လာတာ"

"ဘာအတွက်လဲ"

Jimin Yoongi ရဲ့ မျက်လုံးတွေကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် မျက်နှာပြန်လွှဲသွားသည် ။
ဘာစကားမှတော့ မဆိုပါချေ ။

"လက်ထပ်ပွဲကရော ဘယ်တော့လဲ"

ထိုအခါမှ Jimin က သူ့ခေါင်းကို ဆက်ခနဲ လှည့်လာပြီး အံ့ဩတကြီးမေးလာသည် ။

"ဘယ်လိုသိတာလဲ!"

Jimin သူ US ကိုထွက်သွားတဲ့အကြောင်း Yoongi ကို မပြောခဲ့သော်လည်း သူသိနေတာ အထူးအဆန်းတော့ မဟုတ်ချေ ။ လူတိုင်း ပါးစပ်ဖျားမှာ ပြောနေကြတာပဲ ။သို့သော် သူစေ့စပ်ထားတယ်ဆိုတဲ့ ကိစ္စကတော့ နှစ်ဖက်မိသားစုအပြင် အတွင်းသိအဆင်းသိ လုပ်ဖော်ကိုင်ဖက်‌ တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေပဲ သိတာဖြစ်သည် ။ မိဘတွေက သူတို့နှစ်ယောက်ကို ကျောင်းပြီးမှ စေ့စပ်ထားကြောင်းကို အသိပေးပြီး တရားဝင်လက်ထပ်ပွဲကို ကျင်းပဖို့ ရည်ရွယ်ထားတာဖြစ်တယ် ။

Yoongi သက်ပြင်းချလိုက်မိသည် ။

"ကိုယ်မေးတာကိုပဲ အရင်ဖြေပါ"

"ဖျက်သိမ်းလိုက်ပြီ"

ဟုတ်ပါသည် ။ Jimin နဲ့ Jiyoon တို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲဟာ ဖျက်သိမ်းလိုက်ရသည် ။ အကြောင်းမှာ Jiyoon က ကျောင်းမှာ အမေရိကလူမျိုး ကောင်လေး တစ်ယောက်နဲ့ ချစ်ကြိုက်သွားပြီး အတူအိပ်မိလိုက်ခြင်း ကြောင့် ဖြစ်သည် ။ ဒီကိစ္စကို Jiyoon က Jimin စီ ဖွင့်ပြောပြီး အကူအညီတောင်းခဲ့သည် ။

SUGAR BABY &lt;Complete&gt;Where stories live. Discover now