<10>🍭

1K 146 7
                                    

(Unicode)

Jungkook တစ်ယောက် တက်ကြွသော ခြေလှမ်းများဖြင့် ထွက်လာပြီး ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်လိုက်သည် ။ မျက်နှာကလဲ စပ်ဖြီးဖြီးနှင့် ။ Taehyung ကတော့ ရှက်ကိုးရှက်ကန်းဖြင့် Jimin ဘေးမှာ ကျုံ့ကျုံ့လေး ဝင်ထိုင်လေသည် ။

"Jimin ရာ..ငါရှင်းပြပါရစေ"

Taehyung ရဲ့ အသံကြားမှ Jimin တစ်ယောက် အသိပြန်ဝင်လာလေသည် ။

"အင်း..ငါနားထောင်နေတယ်"

"မင်းကို လိမ်ချင်လို့တော့ မဟုတ်ပါဘူး..ဒါပေမယ့် မင်းလက်မခံနိုင်မှာဆိုးလို့..ငါတို့ကိုများ ရွံမုန်းသွားမလားလို့လေ"

"မင်းတို့ ဘယ်တုန်းက ဒီအခြေအနေရောက်သွားတာလဲ"

"အဟမ်း"

Taehyung Jungkook ကို တစ်ချက်ခိုးကြည့်လိုက်ပြီး ချောင်းဟန့်က စရှင်းပြလိုက်တော့သည် ။

Flash back<<<

Jimin နဲ့ Miyoung တို့ ဆုံကြတဲ့ ထိုနေ့ည ။

Taehyung နဲ့ Jungkook တို့ နှစ်ယောက် သူတို့ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာဘဲ အခြေအနေတွေ ဆိုးကုန်တာကြောင့် ထိတ်လန့်သွားကြသည် ။

Jimin က ဒေါသတကြီးဖြင့် club ထဲက ပြေးထွက်သွားပြီးလှမ်းဆွဲချိန်တောင်မရလိုက် ။ club ထဲက လူတွေရဲ့ တီးတိုးပြောသံတွေနဲ့ အကြည့်ပေါင်းဆုံ ကို ခံနေရတဲ့ Gang Miyoung ကတော့ ရှက်စိတ်ကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိပါတော့ချေ။

Taehyung လဲ သူငယ်ချင်းဖြစ်သူ Miyoung ကို စိတ်ပူသွားပြီး ဝိုင်းကြည့်နေတဲ့ လူတွေကို အော်ငေါက်လိုက်သည် ။

"မင်းတို့ ဘာတွေကြည့်နေကြတာလဲ..သေချင်လို့လား
မင်းတို့စောက်ပူပါလို့လား..ကိုယ်လုပ်စရာရှိတာ လုပ်ကြစမ်းပါ သူများကိစ္စ စိတ်မဝင်စားနဲ့!!"

Taehyung ပြောအပြီး ကျောက်ရုပ်လို ရပ်နေတဲ့ Miyoung ကို အပြင်ခေါ်ထုတ်သွားရန် အနားကို လျှောက်သွား လိုက်သည် ။ သို့သော် လမ်းတစ်ဝက် မှာပင် သူ့ကိုယ်ထဲက ဟုန်းခနဲတက်လာတဲ့ အပူကို ခံစားမိလိုက်ပြီး ခြေလှမ်းတွေ တုန့်ခနဲ ရပ်လိုက်တယ်။

သူရပ်တန့်လိုက်တာကို သတိထားလိုက်မိတဲ့ Jungkook ဟာ နားနားကပ်ပြီး မေးလိုက်သည် ။

SUGAR BABY &lt;Complete&gt;Where stories live. Discover now