<5>🍭

1.3K 164 15
                                    

(Unicode)

Jimin လဲ toilet က ထွက်ပြီး Taehyung တို့ဆီ ပြန်လာလိုက်သည် ။

"ကြာလိုက်တာကွာ ငါက toiletထဲ ပြုတ်ကျနေ‌တာ
လားလို့"

"ကျစရာလား ဘယ်ကအရူးနဲ့ လာတွေ့နေမှန်း မသိလို့"

"ခုနထွက်လာတဲ့လူလား သူက အရူးနဲ့လဲ မတူပါဘူး"

"ထားလိုက်တော့ ငါစားချင်စိတ်မရှိလို့ ပြန်တော့မယ် ညကျမှclub မှာတွေ့တာပေါ့"

Jimin လဲ ဆက်ပြောနေရင် ပေါ်ကုန်မှာစိုးတာကြောင့် မြန်မြန်လစ်ထွက်လာလိုက်သည် ။

"Jungkook...သူထူးဆန်းနေတယ်လို့ မထင်ဖူးလား
ငါတို့ကို တစ်ခုခု ဖုံးကွယ်ထားသလိုပဲ"

"ဟုတ်တယ် ငါလဲ အဲ့လိုပဲ ထင်တယ်"

"မဟုတ်မှ သူယောက်ျားလေးနဲ့ တွေ့နေတာများလား..."

ဖူး..

Taehyung ရဲ့စကားကြောင့် Jungkook သောက်လက်စအအေးတွေကို မှုတ်ထုတ်မိသွားသည် ။ ထို့နောက် Taehyung က စကားဆက်လိုက်သည် ။

"မဖြစ်တော့ဘူး သူ့ကို Miyoung နဲ့ အဆင်ပြေအောင် မြန်မြန်ကူညီမှရမယ်"

"သူတကယ် ယောက်ျားလေးနဲ့ တွေ့နေတယ်ဆိုရော ဘာဖြစ်လဲ တွေ့ပစေပေါ့"

"ဟာ မင်းကလဲ သူယောက်ျားလေးနဲ့ တွေ့နေတာ Mr.Parkသိသွားရင် သူ့ကို ခွင့်လွှတ်မယ်ထင်လား ။ အဲ့ဒီအစား Miyoung နဲ့သာ အဆင်ပြေပြီး လက်ထပ်ဖို့ထိ ဖြစ်သွားမယ်ဆိုရင် သူတို့ အင်အားကြီး လုပ်ငန်းနှစ်ခု ပူပေါင်းမိသွားပြီး အရင်ကထက် နှစ်ဆပိုချမ်းသာလာမှာနော်"

Taehyung တစ်ယောက် Jungkook ကို အဲ့လောက်တောင် တုံးရလားဆိုပြီး သနားကြည့် ကြည့်ကာ ရှင်းပြလိုက်သည် ။

Jungkook လဲ Taehyung ရဲ့ စကားကို အနည်းငယ် စဉ်းစားကြည့်ပြီးမှ ပြန်ပြောလိုက်သည် ။

"Mr.Park သာ အဲ့လိုဖြစ်ချင်တယ်ဆိုရင် Jiyoon တစ်ယောက်လုံးဘေးမှာရှိနေတာ Miyoung ကို ကျော်ကြည့်စရာလိုလို့လား Jiyoon ရဲ့ Appa ကလဲ အင်အားကြီးလုပ်ငန်းရှင် တစ်ယောက်ပဲကို ။ ပြီးတော့ မိဘရော သားသမီးရောက ငယ်ငယ်ထဲက ရင်းနှီးနေကြတာ"

"ဒါပေမယ့် Jiyoon ကို Jimin မှ သဘောမကျတာ မိဘချင်းသဘောတူတောင် Jimin က ငြင်းမှာပဲ ၊ Jimin သာ Miyoung နဲ့ အဆင်ပြေရင် ပွဲသိမ်းပြီ Mr.Park လဲ ငြင်းစရာအကြောင်းမရှိတော့ဘူး"

SUGAR BABY &lt;Complete&gt;Wo Geschichten leben. Entdecke jetzt