Extra အပိုင်းပို - 8 End

68.1K 3.9K 289
                                    

                            ( Unicode )

ထို့နောက် နှိုင်းသုတလေးဆီက ထမင်းဗူးနဲ့ မုန့်တွေလုသွားတဲ့ကောင်လေး လေးယောက်ဟာ ရယ်မောပျော်ရွယ်စွာနဲ့ ကျောင်းသားတွေထမင်းစားခန်းမှာစားသောက်နေကြသည်။

ဇိုင်းသုတ က နှိုင်းသုတလေးကိုလက်ဆွဲခေါ်လာတဲ့အချိန်မှာ နှိုင်းသုတလေးက အဲ့ကောင်တွေကို သေချာလိုက်ရှာနေတော့သည် ။

" ညီလေး ဘယ်ကောင်တွေလဲ တွေ့တာနဲ့ ကိုကို့ ကိုလက်ညှိုးထိုးပြ "

" အွင်း "

ထိုသို့ ပြောတော့ နှိုင်းသုတလေးက ခေါင်းညှိမ့်သည်။

* မလောက်လေးမလောက်စာမှင်စာလေးတွေကများ ငါ့ညီလေးကိုအနိုင်ကျင့်ပြီး မုန့်လုစားရဲတယ် ငါနဲ့တွေ့မယ်!! *

" ကိုကို....ကိုကို ဟိုးမှာထိုင်နေတယ် လေးယောက် "

ဇိုင်းသုတ လှမ်းကြည့်လိုက်တော့ တကယ်ပင် နှိုင်းသုတလေးထမင်းဗူးနဲ့မုန့်တွေကိုစားပြီး လှောင်ပြောင်နေတဲ့ကောင်တွေ ။ အကြည့်နဲ့သာ လူသတ်နိုင်ရင် ဇိုင်းသုတရဲ့ အကြည့်တွေနဲ့တင် ထိုကောင်လေးတွေကျောကုန်းပေါက်ကွဲလောက်သည်။

ဇိုင်းသုတ ထိုနေရာကိုချက်ချင်းသွားရပ်လိုက်တော့ ထိုလေးယောက်ကမော့ကြည့်လာသည်။

" စားလို့မှ ကောင်းရဲ့လား "

" ??? "

ထိုသို့ပြောပြီးပြီးချင်းပဲ ဇိုင်းသုတက ထိုလေးယောက်ထိုင်စားနေတဲ့ စားပွဲခုံကိုမှောက်ချပြစ်လိုက်သည်။ တခြားအတန်းတွေကကျောင်းသားကျောင်းသူတွေရဲ့အံသြနေတဲ့ အာမေဋိတ်အသံတွေထွက်လာတော့သည် ။ နှိုင်းသုတလေးကတော့ သူ့အကိုလုပ်ရပ်ကိုကြည့်ပြီး လက်ခုတ်လက်ဝါးတီးပြီး ထ ခုန်ကာ ။

" ဝါးးး မိုက်တယ် ကိုကို ။ ရိုက်ပြစ် အဲ့ကောင်တွေကိုနာနာရိုက်ပြစ်လိုက် ကိုကို! "

သူ့အကိုကြီးကိုလက်ခုတ်လက်ဝါးတီးပြီး အားပေးနေတဲ့ နှိုင်းသုတလေးကိုကြည့်ပြီး ကျောင်းသူကျောင်းသားတွေက တစ်ခါအံအားသင့်နေပြန်သည် ။ ဘယ်လိုတောင်လိုက်ဖက်ညီနေတဲ့ ညီအကိုတွေလဲ ။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now