❤ ကိုကိုရဲ့ကလေးငယ် ၃၇ ❤

114K 8.6K 356
                                    

Unicode...
>>>>>>>>

.
.

ဇိုင်းရေခဲမုန့်ဘူးကိုင်ကာသုသုဆီပြန်လာခဲ့သည်။

ရေခဲ့မုန့်ဆိုင်ရှာနေတာနဲ့ ဇိုင်းနည်းနည်းကြာသွားသည်မို့ ဇိုင်းကိုတွေ့တာနဲ့နှုတ်ခမ်းဆူပြီးရန်တွေ့မယ့် သုသု ပုံစံလေးကိုမြင်ယောင်မိတာမို့ ဇိုင်းပြုံးမိပြန်သည်။

ထိုင်ခုံလေးနားရောက်တော့ ဇိုင်းထင်ထားတာနဲ့ဆန့်ကျင်ဘက် ထိုင်ခုံလေးမှာ စောင့်နေတဲ့လူရှိမနေတာကြောင့် ဇိုင်း စိတ်ထူပူမိသွားသည်။ ထိုအနီးနားပက်၀န်းကျင်မှာလိုက်ရှာကြည့်သော်လဲမတွေ့တော့တာမို့..ဇိုင်း အရမ်းစိုးရိမ်နေပြီး စိတ်ပူနေသည်မို့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လို့နေသည် ။

ကိုယ့်နိုင်ငံလိုနေရာမျိုးမှာတောင် မသွားတတ်မလာတတ်တဲ့ကလေးက အခုလိုသူများနိုင်ငံများ သူများဘာသာစကားမကျွမ်းကျင်ပဲနဲ့ဆို...မဖြစ်ဘူး..ငါမတွေ့့တွေ့အောင်ရှာရမယ်..။

*တစ်ယောက်တည်းထားခဲ့မိလို့တောင်းပန်ပါတယ်..ကလေးရယ် ...ဘာမှထိခိုက်မှု့မရှိပဲ ကိုကို့ဆီပြန်လာခဲ့ပေးပါ ..ကလေးကိုမတွေ့ရင် ကိုကိုရူးသွားလိမ့်မယ်..*

သုသုနဲ့တူသမျှလူတိုင်းကိုလက်လှမ်းဆွဲကာ အရူးတစ်ယောက်လိုလိုက်ရှာနေမိသည်။ ဇိုင်းတစ်ယောက်တည်းအားနဲ့ရှာလို့မဖြစ်နိုင်တာမို့ ဇိုင်း ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ကာ ကျော်ထက်တို့ဆီဆက်လိုက်သည်။

" Hello' Boss.."

"ကျော်ထက် ဒီမှာ ကလေးပျောက်သွားပြီ အခုချက်ချင်း မင်းလူတွေခေါ်ပြီး မတွေ့တွေ့အောင် လိုက်ရှာကြ.! လူအင်အားများများနဲ့မဖြစ်ဖြစ်တဲ့ နည်းနဲ့ တွေ့အောင်ရှာ..! ဒီ ကုန် တိုက် တစ် ခု လုံး မြေလှန်ပစ်ရမယ်ဆိုရင်တောင် ငါ့ကလေးကိုပြန်တွေ့တာလိုချင်တယ်..!!!"

"ဟုတ်..Boss.."

ကျော်ထက်ကတော့ အခုနေ ဇိုင်း ဘယ်လောက်စိတ်ပူပြီး ပေါက်ကွဲနေမှန်းသိတာကြောင့် စကားရှည်ရှည်တွေပြောမနေတော့ပဲ..ချက်ချင်း သူ့လူတွေဆီဖုန်းဆက်ခေါ်လိုက်သည်နှင့်ခဏအကြာ..

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now