❤ ကိုကိုရဲ့ကလေးငယ် ၁၀ ❤

169K 10.8K 493
                                    

Unicode...
>>>>>>>>

.
.

"မမလေး စုံစမ်းခိုင်းတဲ့ကိစ္စသိရပါပြီ ကျွန်တော်သတင်းကြားရတာတော့ အဲ့CEOက ခရီးလွန်နေတယ်လို့ကြားပါတယ်။ နောက်ပြီး လာမယ့်ညလေလံပွဲမှာ MYAT Group နဲ့အတူအရေးကြီးတဲ့ Project တစ်ခုကိုလေလံဆွဲဖို့အတွက်တတ်ရောက်မယ်လို့ကြားပါတယ် "

"ကောင်းပီလုပ်စရာရှိတာသွားလုပ်တော့"

မုန်း၀င့်မာန် က အခုဆိုရင် သူ့အဖွား Company ကိုဆက်ခံပြီး Company ခွဲတွေပါဖွင့်နိုင်ခဲ့ပေမယ့် လုံလောက်တဲ့နောက်ခံအင်အားကြီးမရှိသေးတာမို့ နိုင်ငံခြားရှယ်ယာရှင်တွေရဲ့ယုံကြည်မှု့ထိမရ။

မုန်း ရည်ရွယ်ချက်က ဇိုင်း အနားမှာအရင်လိုပြန်ဖြစ်ဖို့ ဇိုင်း နဲ့သတင်းအချက်လက်တစ်ချို့ထွက်ယုံနဲ့တင် မုန်း ရဲ့အပြိုင်ဆိုင် ရှယ်ယာရှင်တွေ မုန်း ကိုအာမခံရဲမှာလေ။ ဇိုင်း နဲ့အတူလက်တွဲပြီး ရှယ်ယာလုပ်ငန်းလုပ်ချင်တဲ့လူတွေပေါပေမယ့် ဇိုင်း က စီးပွားရေးလာဒ်မြင်တတ်သည် တော်ယုံလုပ်ငန်းစုလောက်ကိုစိတ်မ၀င်စား။

ရှန်းရှန်းတောက်အောင်မြင်တဲ့သူဌေးတစ်ယောက်ဖြစ်ပေမယ့် ဇိုင်း ဟာသူ့လုပ်ငန်းတွေနဲ့ပက်သတ်လာရင် ဘယ်တော့မှမပေါ့လျှော့။ အဲ့တာကြောင့် မုန်း မြန်မာပြည် ပြန်မလာခင်ထဲက မြန်မာပြည်က ဇိုင်း Company ကိုအလားလာရှိတဲ့ဟိုတယ်ဆောက်လုပ်ရေးတစ်ခုနှင့်ချည်းကပ်ကာ စာချုပ်ချုပ်ဆိုရန်ကမ်းလှမ်းခဲ့သည်ကို ဇိုင်း တို့ဘက်က လက်ခံခဲ့သည်။

အရာရာကိုစေ့စပ်တဲ့ ဇိုင်း ဟာစာချုပ်လက်ခံလိုက်တယ်ဆိုထဲက သေချာပေါက် မိမိ ဆိုတာလဲ ကြိုသိနေမှာပဲမို့ မုန်း ဇိုင်း အနားချည်းကပ်ရန်အစီစဉ်ဆွဲနေသည်။ အရင်ကတည်းက ငယ်ချစ်ဦးဖြစ်ခဲ့တဲ့ မိမိ ကိုတော့ သူခါးခါးသီးသီးမဖြစ်နိုင်လောက်ဘူးမလား ။

မုန်း မျက်နှာမှာအပြုံးပန်တစ်ပွဲဆင်လျှက်။

______________________________________________________________

ဇိုင်းစံအိမ်တော်...

ဟိုရက်ကကိစ္စတွေဖြစ်ပြီးထဲက ဇိုင်း သုသု ကိုအပြင်မခေါ်သွားတော့ပဲ သုသု လဲအပြင်ထွက်ဖို့မပြောတာမို့အိမ်ထဲမှာပဲနေခိုင်းသည်။ ဖုန်းဝယ်တဲ့နေ့တည်းက ဂိမ်းဆော့ရတာအလွယ်ကြိုပ်တဲ့ကလေးငယ် ကို ဇိုင်း အတော်လေးပြောထားရသည်။ တစ်ခါတလေ ဒီဖုန်းနဲ့ပဲဂိမ်းဆော့ ကာတွန်းကြည့်လုပ်နေတာ မျက်စိထိမှာစိုးလို့ Ipadအကြီးတစ်လုံးထပ်၀ယ်ပေးထားရတယ်။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Onde histórias criam vida. Descubra agora