❤ Extra ep 6 ❤End

90.2K 5.2K 143
                                    

ဂျယ်ဂျူကျွန်း ။

ဇိုင်း သည် ဟိုနေ့ညက သုသု တို့ကိုအသိပေးကာပင် ဒီမနက်ပိုင်း ဇိုင်း လေယာဉ်စီးလုံးပြတ်ငှါးကာ ဂျယ်ဂျူကျွန်းကိုထွက်လာခဲ့ကြသည် ။

လေယာဉ်ပေါ်တတ်ပြီးထဲက သားတွေနဲ့ဆော့ကစားပြီးနှင့် မုန့်စာသောက်ကာ တစ်လျှောက်လုံး ဇိုင်း ကိုမှီအိပ်လာတဲ့ ကလေး သည် လေယာဉ်ဆိုက်လို့ ဂျယ်ဂျူကျွန်း ရောက်လာမှပင်နိုးတော့သည် ။

" ကလေးလေး ပင်ပန်းနေပြီလား .. "

" မပင်ပန်းပါဘူးကိုကို .. ကိုကို့ ပုခုံးတွေနာနေပြီလား "

" ကလေးအတွက်သာဆို နာတယ်ဆိုတာဘယ်လိုမှန်းတောင်မခံစားရဘူး .... ထတော့နော် လေယာဉ်ဆိုက်နေပြီ .. ကိုယ်က ကလေးကိုမနှိုးချင်လို့မဆင်းသေးတာ "

သုသု သည် ဇိုင်း က သူ့အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာဟာ တစ်စက်ကလေးတောက်လျှော့ပါးသွားတာမျိုးမရှိတာမို့ သုသု အချစ်ပိုရပြန်သည် ။

လေယာဉ်ပေါ်ကဆင်းသည်နှင့် ဇိုင်း က သုသုလေး လက်ကိုတွဲထားပြီး .. သားကြီး သားငယ် နှစ်ယောက်ကိုတဖက်ဆီဆွဲပြီး အထုတ်အပိုးတွေကိုတော့ လာကြိုတဲ့ ဇိုင်း လူတွေက ယူကာ ကားပေါ်တင်လိုက်သည် ။

ကျော်ထက် ကတော့ မီးမီးလေးကိုချီပြီး ဝန လက်ကိုကိုင်ကာ ဒုတိယကားနောက်ကိုတတ်လိုက်သွားသည် ။

ဟိုတယ်လာစင်လမ်းတလျှောက်လုံး ဇိုင်း ရဲ့ ကလေးကြီးသုံးယောက်လုံးသည် မှန်ပြတင်းပေါက်ကနေအပြင်ဘက်ကိုငေးကြည့်နေသည်မှာ ကားမှန်ပိတ်ထားလို့သာတော်သေးသည် .... မဟုတ်ရင် သုံးယောက်လုံး အပြင်ဘက်ခေါင်းထွက်နေမှာ ။

" Hay ကလေးတွေရော ကလေးဖေဖေရော ထိုင်နေတော့လေကွာ .. ခေါင်းတွေနာကုန်တော့မှာပဲ အဲ့လောက်လည်ပြန်မငေးနဲ့ .. နောက်နေ့ကျရင် ဒီတစ်ကျွန်းလုံး လိုက်ပြမယ် Ok "

" ဟီးဟီး ဟုတ် ကိုကို "

ထိုအဲ့ခါမှ သားနှစ်ယောက် သူ့နေရာသူသွားပြန်သလို သုသုလေး လဲ သားတို့အနားမှာသွားထိုင်ဖို့ပြင်လိုက်စဉ် ဇိုင်း က သုသုလက်လေးကို လှမ်းဆွဲကာ သူ့အနားပူးကပ်ထိုင်စေသည် ။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now