❤ ကိုကိုရဲ့ကလေးငယ် ၅၃ ❤

117K 6.6K 321
                                    

Unicode...
>>>>>>>>>

.
.

ဒီနေ့အပြင်သွားရမယ်ဆိုလို့ သုသု အစောကြီးနိုးနေသည်...ဇိုင်း ကတော့ ညကတော်တော်နဲ့မအိပ်ထားရတာကြောင့် ခုထိမနိုးသေးတာကြောင့် သုသု ဇိုင်း ကိုထိုင်ကြည့်နေလိုက်သည်...။

သုသု ညက ကိုယ်ဝန်ဆိပ်ကြောင့် ခြေထောက်တွေရောင်ပြီးကိုက်ခဲလာတာကြောင့် ကိုကို က ဖွားဖွား ပို့​ပေးတဲ့ တိုင်းရင်းဆေးကိုသေချာလိမ်းပေးပြီး နှိပ်ပေးသည်လေ....

ပြီးသည်နှင့် ဆားရည်နွေးနွေးလေးနဲ့လဲ ခြေထောက်ကိုဆေးပြီး ပြုစုပေးနေသည်မို့ သုသု က ဘယ်အချိန်အိပ်ပျော်သွားလဲမသိပေမယ့်... ကြည့်ရတာ ကိုကိုကတော့ ညတော်တော်နက်တဲ့အထိ မအိပ်ရသေးပုံပဲ....။

သုသု ဇိုင်းမျက်နှာအ​သေးစိတ်ထိုင်ကြည့်ကာ အိပ်ပျော်နေတာတောင် ယောက်ကျားပီသပြီးချောမောနေတဲ့ ဇိုင်း မျက်နှာကို သုသုရဲ့လက်ချောင်းလေးနဲ့တို့ထိကြည့်နေမိသည်....။

ပြီးသည်နှင့် သုသု ဇိုင်း နှာဖူးကို ခပ်ဖွဖွလေးနမ်းလိုက်သည်...။

"ကိုကို က အရမ်းချောတာပဲ...."

ဟု တစ်ယောက်တည်းရေရွတ်နေစဉ်.....။

"ကိုယ့်ယောက်ကျားချောတာ ကလေး က အခုမှသိတာလား ဟင် ပြောပါဦး..."

"ဟာ ကိုကို ..! နိုးနေပြီ....ဘယ်အချိန်ထဲက နိုးနေတာလဲ"

သုသုလေး နိုးနေတဲ့အချိန်ထဲက ဇိုင်း နိုးနေတာပါ.. ညက သုသုလေးကိုနှိပ်​ပေး​နေတာ သုသု အိပ်ပျော်သွားတာတောင် ဇိုင်း နှိပ်ပေးနေမိတုန်း....

​တော်တော်ကြာနှိပ်​ပေးပြီးတာနဲ့ ဇိုင်း အိပ်ရာဝင်ခဲ့တာ တော်တော်အချိန်လင့်နေပြီမို့လို့ အခုမနက် ကလေးနိုးတာသိပေမယ့် ဇိုင်း မျက်လုံးမဖွင့်နိုင်လို့ ပြန်မှိန်းနေတာ....။

က​လေး က ဇိုင်း ဘေးနားမှာ ထိုင်​နေတာကိုလဲ ဇိုင်း သိတယ် ဒါပေမယ့် ဇိုင်း ကို ဘယ်လိုမျိုးလေး နှိုးမလဲ သိချင်တာကြောင့် မထပဲငြိမ်နေလိုက်သည်....။

ထိုစဉ် ကလေး လက်သေးသေးလေး တွေနဲ့ ဇိုင်း မျက်နှာတစ်ခုချင်းစီကိုထိကစား​နေပြီး ဇိုင်း နှာဖူးကို အနမ်းဖွဖွရောက်လာတဲ့အချိန်မှာ ဇိုင်း ရင်ထဲမှာပြုံးပျော်နေသည်ကိုတော့ ထိုကလေးသိမယ်မထင်....။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Tempat cerita menjadi hidup. Temukan sekarang