❤ ကိုကိုရဲ့ကလေးငယ် ၃၄ ❤

133K 8.2K 234
                                    

Unicode...
>>>>>>>>>

.
.

"ဟုတ်ကဲ့ ဦးဇိုင်း မှာထားတဲ့လက်စွပ်လေး ရပါပြီ ကျွန်တော်တို့လာပို့ရတော့မလား လှမ်းမေးကြည့်တာပါခင်ဗျ"

"မလိုဘူး ငါကိုယ်တိုင်လာယူမယ်"

ဇိုင်း ကလေးကိုလက်ထပ်ခွင့်တောင်းရန်အတွက် နိုင်ငံခြားကနေ အသန့်ဆုံး ဆိုတဲ့ စိန်ကို ဇိုင်း ကိုယ်တိုင်မှာယူပြီး ဆိုင်မှာ ကလေးလက်တိုင်းနဲ့လက်စွပ်လေး မှာထားသည်မှာ အချိန်တစ်ပတ်ပင်ကြာခဲ့သည်။ ကလေးနဲ့ပက်သတ်ရင် ကိုယ်တိုင်ပဲထိတွေ့ချင်တာကြောင့် ဇိုင်း ကိုယ်တိုင်ပဲလက်စွပ်လေးကိုသွားယူလိုက်သည်။

အခု ဇိုင်း မှာထားတဲ့လက်စွပ်ရပြီဆိုတော့ ကလေးကိုလက်ထပ်ခွင့်တောင်းရန်ပြင်ရပြန်သည်။ အမြဲတမ်းအိမ်ထဲမှာပဲနေတတ်တဲ့ ကလေးကို ပျော်ရွင်အောင် နိုင်ငံခြားခရီးစဉ်သွားရန် စီစဉ်လိုက်သည်။ ဇိုင်း နဲ့ သုသု နှစ်ယောက်သား ဧည့်ခန်းမှာထိုင်နေကြသည်။

ဇိုင်းကတော့ ခရီးအတွက် ပြင်ဆင်စရာရှိတာတွေအပြင် ကလေးနဲ့ဟိုရောက်ရင် လျှောက်လည်ရမယ်နေရာကအစ ရွေးချယ်နေတာကြောင့် ကွန်ပြူတာရှေ့ခေါင်းစိုက်နီးနီးပင်။ သုသုကတော့ ဧည့်ခန်းမှာ ဂိမ်းဆော့လိုက် TVကြည့်လိုက်နဲ့ နေ့တိုင်းဒီလိုချည်းပဲလည်ပတ်နေတာကြာတော့ သုသု လဲ ပျင်းလာသည်။ ဘေးက ကိုကို့ကလဲ သုသု ကိုပင် ဂရုမစိုက်ပဲ အဲ့ ကွန်ပြူတာ ကြီးပဲကြည့်ပြီးပြုံးစိစိလုပ်နေတာကြောင့် သုသု နှုတ်ခမ်းဆူလာသည်။

"ကိုကို..."

"ဟင်.."

"ကိုကို လို့ ကလေးခေါ်နေတယ်လေ.."

"အင်း ပြောလေ ကလေးရဲ့.."

တစ်ခါခေါ်လဲ လှည့်မကြည့် နှစ်ခါခေါ်လဲလှည့်မကြည့်တာမို့ သုသု မကျေနပ်ကာ ဇိုင်း ရှေ့က ကွန်ပြူတာ ကိုပိတ်ချလိုက်တော့ ဇိုင်း ကြောင်အစွာ သုသု မျက်နှာကိုမော့ကြည့်နေတုန်း..သုသု ဇိုင်း ပေါင်ပေါ်ခွတတ်ထိုင်နေသည်မို့ သုသု နောက်ပြန်လန်မကျအောင် ခါးလေးကိုပွေ့ထားပေးသည်။

"ကိုကိုနော်..စိတ်ဆိုးလာပြီ..အဲ့ ကွန်ပြူတာ ကိုပဲကြည့်နေတယ် ကလေးခေါ်နေတာကိုကြတော့ ဂရုမစိုက်ဘူး.."

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now