❤ ကိုကိုရဲ့ကလေးငယ် ၂၃ ❤

159K 9.5K 787
                                    

Unicode...
>>>>>>>>

.
.

ဇိုင်း တို့နဲ့လက်ရှိမှာ လုပ်ငန်းတူလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်သည် လွန်ခဲ့တဲ့တစ်ပတ်လောက်တည်းက သူရဲ့ စီမံကိန်းအိမ်ရာဆောက်လုပ်ရေးဖွင့်ပွဲအတွက် ဇိုင်း ကို ဖိတ်ကြားထားသည် ။ ထိုလုပ်ငန်းရှင်ဟာ လက်ရှိမှာ ဇိုင်း နဲ့အတူ လုပ်ငန်းတစ်ချို့ကိုလုပ်ကိုင်နေတဲ့လူတစ်ယောက်မို့ ဇိုင်း အတွက်မငြင်းသာပေ ။
ထိုကြောင့် ဒီမနက်ထိုဧည့်ခံပွဲအားပါတနာနဲ့အတူသွားရမည် ။

ပါတနာ ... ထိုစကားစုဟာ တခြားလူတွေအတွက်မထူးခြားသော်လည်း ဘယ်ပါတနာမှပွဲထုတ်လေ့မရှိတဲ့ ဇိုင်း အတွက် စီးပွားရေးလောကရဲ့စောင့်ကြည့်စရာကိစ္စတစ်ခုပေါ့ ။

သို့သော် ဇိုင်း ဘာကြောင့်ပါတနာရှာရမည်လဲ .. ဇိုင်း အတွက် အဖိုးမဖြတ်နိုင်တဲ့ကလေးငယ်ကအနားမှာရှိနေသည်လေ ။ ဒါ့အပြင် ဒီချစ်ရတဲ့ကလေးငယ် ဟာ ဇိုင်း အပိုင်ဆိုတာအားလုံးကို ချပြသင့်တဲ့အချိန်ရောက်လာပြီမို့ ဒီပါတီကိုတရားဝင်ခေါ်လာခြင်း ။

ဇိုင်း နောက်မှာ ကျော်ထက်နဲ့ဝန အပြင် ဇိုင်း ကိုယ်ရံတော်တစ်ချို့လဲ နောက်မှာ ကားတစ်စီးနဲ့ပါလာသည် ။ ဇိုင်း နဲ့သုသု ပါတီ ပွဲထဲဝင်သွားပေမယ့် ကျော်ထက်နဲ့ဝန ကေတာ့ ဇိုင်း တို့နဲ့ ခပ်လှမ်းလှမ်း နေရစ်ခဲ့ပြီး ကိုယ်ရံတော်အဖွဲကတော့ ကားပေါ်မှာသာ ထိုင်စောင့်နေရစ်ခဲ့သည် ။

ကိုကို အတင်းခေါ်လို့လိုက်ခဲ့ရပေမယ့် ဒီလိုပွဲမျိုးတတ်ရသည်ကို သုသု မကြိုက်။နဂိုထဲကအေးအေးဆေးဆေးပဲနေပြီး လူကြောက်တတ်တဲ့အကျင့်လေးကြောင့် သုသု ကိုကို့ လက်ကိုသာအတင်းချိတ်ထားသည်။

" ကလေးစိတ်လျှော့ထား ကိုကိုရှိတယ် ဘာမှမကြောက်နဲ့"

"ဟုတ်"

သုသု ကိုမကြောက်ဖို့ချော့ပြောနေတဲ့ကိုကို့ကြောင့် သုသု အနည်းငယ် တော့ စိတ်သက်သာရာ ရလာသည်။ ဦဇိုင်း ဆိုတဲ့အသံကြားတာနဲ့ ပါတီရောက်နှင့်နေတဲ့လူတွေရဲ့မျက်လုံးက ဇိုင်း ကို စူးစမ်းပြီးကြည့်နေတာထက် ဇိုင်း နဲ့အတူလက်တွဲကာဝင်လာတဲ့ သုသုလေးကိုငေးကြည့်နေတာဆိုပိုမှန်မည် ။

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now